နေခြည်တွေက
အနောက်အရပ်မှာ
တိမ်တွေနဲ့သွယ်ယှက်နေချိန်..
ကန်ရေပြင်ညီညီကို
ဖြတ်ပြေးလာတဲ့လေပြည်တွေက
ရနံ့တွေသီခဲ့မှန်းငါသိရတော့…
အလွမ်းတွေကိုတိုက်ခိုက်ဖို့
မင်းစိုက်ပျိုးခဲ့တဲ့
သတိရခြင်းတွေကို…
လာ…ရိတ်သိမ်းလှည့်ပါ…။
နေမင်းရဲ့နှုတ်ဆက်ရောင်ခြည်နဲ့
ငါတို့မမှောင်ခင်လွမ်းကြမယ်တဲ့…
ခုံတန်းပြာလေးရဲ့စကား
မင်းများကြားမိခဲ့ရင်…
ကံကြမ္မာရဲ့မာနမုန်တိုင်းတွေအပေါ်
မင်းလည်းစိတ်ထင်တိုင်း
မှားမိမယ်မထင်ဘူး…။
အခုတော့ငါတို့ရဲ့
နှလုံးသားအရိုင်းလေးတွေ
အချိန်မတိုင်မီချွှန်းအုပ်ခဲ့ရတော့
ဟောဒီညနေ
အလွမ်းဖွဲဖွဲထဲမှာ
ငါနဲ့ခုံတန်းပြာလေးစိုစွတ်ခဲ့တယ်…။
မိုးလှိုင်ည
(သံလွင်အိပ်မက်-၁၁)
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ဗမာ့သမိုင်း မတင်နိုင်ခင်ကတည်းက ရွှေတိဂုံဘုရားကြီး မားမားရပ်ခဲ့တဲ့မြို့ ရှင်မွေးနွန်းနဲ့ မင်းနန္ဒာ ဒဏ္ဍာရီလာ ဥက္ကလာပတိုင်းနဲ့ ငမိုးရိပ်ချောင...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သေခြင်းရှင်ခြင်းရဲ့၀င်ထွက်ရာတံခါး နာကြင်မှုနဲ့ ကြင်နာမှုကြား ဆေးဝါးနဲ့ကုထုံးက အတိတ်နဲ့အနာဂါတ်ကိုဆက်စပ်ပေးတယ် ရုပ်နဲ့အရိပ် ကွဲထွက်သွားသူတွေ အ...
အလွမ်းတွေကိုတိုက်ခိုက်ဖို့
ReplyDeleteမင်းစိုက်ပျိုးခဲ့တဲ့
သတိရခြင်းတွေကို…
လာ…ရိတ်သိမ်းလှည့်ပါ…။
နေမင်းရဲ့နှုတ်ဆက်ရောင်ခြည်နဲ့
ငါတို့မမှောင်ခင်လွမ်းကြမယ်တဲ့…
အဲသလို ဆွတ်ဆွတ်ပျံ့ပျံ့လေးတွေ များများဖတ်ချင်ပါတယ်။ လက်တွေ့ဘ၀တွေက မွန်းကျပ်စရာကောင်းလွန်းလို့။