Wednesday, September 5, 2007

မေလျော့မိခဲ့ရင်…

နေ၀င်ချိန်တွေကိုငါတို့အတူ
မျော်ရီငေးမောဖူးတယ်…
တစ်ယောက်လက်ကိုတစ်ယောက်
ခပ်ဖွဖွဆုပ်နှယ်မိတော့…
မနက်ဖြန်မှာပျော်ရွှင်ခြင်းနဲ့
မျက်နှာသစ်ဖို့…
ဂရုစိုက်သွားပါတဲ့…….
မင်းမပါတဲ့အိမ်အပြန်လမ်းတွေမှာ
ထင်းရူးတန်းလေးကသာ
အထီးကျန်သွေ့ချောက်လို့…
ငါကြောက်နေတယ်…
လေပွေတစ်ချက်တိုက်လို့
သစ်ရွက်တွေကြွေကျသလို
မင်းငါ့ကိုမေ့လျော့သွားမှာကို…

အမြဲတမ်းသတိမရခဲ့ရင်တောင်
မင်းရဲ့အလုပ်စားပွဲပေါ်မှာ
နှင်းဆီဖြူတစ်ပွင့်ထိုးစိုက်မိလိုက်ချိန်
ခေါင်းလျှော်ပြီးခိုက်
မင်းရဲ့ဆံနွယ်ဖျားလေးကို
အမှတ်မထင်နမ်းရှိုက်မိလိုက်ချိန်
ငါ့ကိုအမှတ်ရပေးပါ..
အပြာရောင်ကိုချစ်တဲ့ငါ့အတွက်
မင်းလက်သည်းခွံ့လေးတွေကို
အပြာရောင်ပန်းပွင့်လေးနဲ့အလှဆင်တဲ့အခါ
ငါ့ကိုသတိရပေးပါ….

မင်းအလုပ်တွေသိပ်များတဲ့အခါ
နဖူးပေါ်ကချွေးစက်တွေကို
သုတ်သင်ဖယ်ရှားပေးတဲ့
လက်ကလေးတစ်ဖက်
နှလုံးသားရဲ့ကမ္ဘာတစ်ဖက်ခြမ်းမှာ
အထီးကျန်သိမ်းဆည်းခံနေရတယ်
ကောင်မလေးရေ…
မေ့လျော့မိခဲ့ရင်လည်း….
အမှတ်တရတွေကိုစိုက်ပျိုးမိသူသာအပြစ်ရှိပါစေတော့….။

မိုးလှိုင်ည

1 comment:

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...