Monday, September 24, 2007

ငါ့ရင်ထဲမှာနက်ရှိုင်းခဲ့ပြီ…စက်တင်ဘာ

၂၀၀ရ စက်တင်ဘာ
ငါ့ရင်ကို ထိုးခွဲဝင်လာပြီ…
နာကျင်ခံခက် လက်သီးတွေကျစ်ကျစ်ဆုပ်
မျက်ရည်တွေတွေကျ
နှလုံးသားကိုဓားရှသလို…
ဘုရားသားတော်တွေကိုမှ
ဓါတ်တိုင်ကြိုးတုပ်ရိုက်နှက်တတ်သတဲ့လေ
ကမ်းကုန်အောင်အစွမ်းကုန်ယုတ်မာပေါ့
အာဏာရှင်ရယ်….
ကမ္ဘာကျေသော်မှဥဒါန်းမကျေနိုင်..
ငါတို့မှာအံကျိတ်ရင်းကြေကွဲ
သွေးအသက်မျက်ရည်ကလွဲလို့
ငါတို့ပြည်ကိုဘာပေးမလဲ….။

လွန်ခဲ့တဲ့၁၉နှစ်…
ငါခြောက်နှစ်သားဘဝ
သိဟ်ရာသီဖွား ၈ ဂဏန်းသမားငါ
မွေးနေ့မှာ အမေက
ထမင်းသုပ်လေးနယ်ဖတ်ကျွေးဖို့
သားရေ လမ်းထိပ်မှာပဲမှုန့်လေးသွားဝယ်ဆိုတော့
ကလေးပီပီပြေးထွက် လမ်းပ်ါမှာလေ
ငါမြင်ရတာက
စစ်ကားသုံးစီး…
လူတွေကစစ်ကားကိုခိုးကြည့်
ကျောင်းသားတွေတက်လာပြီဒုက္ခပါပဲ
ညည်းသူကညည်း
သတိပေးဖို့ကြိုးစားသူကကြိုးစား
တားချင်သူကတားဗျာများကြတဲ့ကြားထဲ
ရိုင်ဖယ်သံတစ်ဂျိမ်းဂျိမ်း
ပေတစ်ရာလမ်းမှာသွေးအလိမ်းလိမ်း
ဒီမိုကရေဆီတောင်းတာနဲ့
၁၆ နှစ်သားဟာ နိုင်ငံတော်လုပ်ကြံမှုကိုစီမံ
သူတို့အမြင်မှာသေဒဏ်
ဒီလိုနဲ့ ငါ့မြင်ကွင်းတွေေ၀၀ါး
လမ်းပေါ်မှာ လူအုပ်လိုက်သွား
ကိုယ့်နစ်နာမှုကိုတောင်းဆိုတာ
တခြားကမ္ဘာမှာပဲရှိတယ်ထင်ခဲ့
ငါတို့အတွက်မဟုတ်ဘူး…

ငါ့အသက် ၂၆
ဘယ်တစ်ယောက်ကိုမှမဲမပေးဘူးဖူး
ငါ့တို့လူ့အဖွဲ့အစည်းကို ငါတို့ယုံကြည်တဲ့
ခေါင်းဆောင်ဦးဆောင်ခွင့်ပေးဖို့ တောင်းဆိုလို့မရ
ငါ့ရဲ့နိုင်ငံသားဖြစ်ခွင့်ဟာ
တန်ဖိုးရှိရဲ့လား
စစ်ဖိနပ် အောက်မှာငါရဲ့နိုင်ငံသားချင်းတွေရဲ့
ဂုဏ်သိက္ခာတွေကျိုးကျေခဲ့ရပြီ
သားပျောက်ရှာတဲ့ငါ့အဘွား
ထောင်နာမည်အမျိုးမျိုးကိုအလွတ်ရသွားခဲ့တယ်
အမေ့ကငါ့ကို နိုင်ငံရေးနဲ့မပက်သက်ဖို့
အမျိုးမျိုးနားချတယ် သူ့ရင်ထဲမှာလည်း
ဒဏ်ရာတွေရသွားဖူးတာကို….။

ဒါပေမယ့်နိုင်ငံရေးကို
နိုင်ငံသားတွေမှမလုပ်ရင် ဘယ်သူတွေလုပ်ဖို့လဲ
အုပ်ချုပ်ခံဝါဒဟာနှစ်ပေါင်းရာချီနောက်ကျခဲ့ပြီ
လူဆိုတာကိုယ့်ကိုကိုယ်အုပ်ချုပ်ရတယ်
ကိုယ်လုပ်ရပ်ကိုယ်တာဝန်ယူ
တူညီမျှတတဲ့ ဥပဒေအောက်မှာ
ဘယ်သူ့ကိုမှမော်ဖူးစရာမလိုဘူး
ဒီလိုငါမျော်လင့်ခဲ့ဖူးတယ်….။


ဒီလိုနဲ့နှစ်တွေသာကြာ
၂၀၀ရ စက်တင်ဘာမိုးစက်တွေကြား
လောကသစ္စာတရားဟာ
လမ်းလျှောက်ထွက်လာခဲ့ပေါ့…
ဗုဒ္ဒသားတော်တွေက
တစ်နိုင်ငံလုံးအတွက်လမ်းပေါ်ထွက်ပြီ
ဝေနေယျ အများအတွက်မေတ္တာဓါတ်စည်းဖျန်း
မကျွတ်လွတ်နိုင်သေးတဲ့ တစ္ဆေတွေအတွက်ပါ
အမျှဝေလေရဲ့
မိုးတွေရွှဲတဲ့စက်တင်ဘာပေါ့
သမိုင်းတစ်ခေတ်မှာသန့်စင်မှုနဲ့နက်ရှိုင်းစေခဲ့ပြီ…။


မိုးလှိုင်ည

4 comments:

  1. ဒီကဗျာအတွက် ပထမဆုံး Comment ရေးခွင့်ရတာ ဝမ်းသာမိတယ်ဗျာ။ ကျွန်တော့်တို့ရဲ့ အတိတ်ခါးခါးတွေက အနာဂတ်ကိုပါ စိုးမိုးထားခဲ့တာ ကြာခဲ့ပေါ့။ အခုတော့ လက်တစ်ကမ်းမှာ ရောက်နေပြီ။ ကျွန်တော်တို့ မျှော်လင့်ချက်တွေအတွက် ကာယကံမြောက် ကူညီပါဝင်သူများ၊ အဘက်ဘက်က ပံ့ပိုးသူများအားလုံးအတွက် ဒီကဗျာက အားဆေးတစ်ခွက်ပါဗျာ။

    ReplyDelete
  2. ကဗျာ မိုက်တယ် မိုးလှိုင်... ၈၈ တုန်းက ၆ နှစ်သားဆိုတော့
    မှတ်ဥာဏ်တွေကေ၀၀ါးနေအုန်းမယ်...
    အခု ၂၆ .. မျက်စိရှေ့မှာ မျက်ဝါးထင်းထင်းပါပဲ...
    စက်တင်ဘာ မိုးနဲ့အတူ ၂၀၀၇ အေးချမ်းပါစေ

    ReplyDelete
  3. ကိုမိုးလှိုင်ညရေ
    လွန်ခဲ့တဲ့ ၁၉ နှစ်တုန်းက ငယ်သေးတော့ သိပ်နာနာကျည်းကျည်း မခံစားခဲ့မိဘူး။ အခုအဖြစ်အပျက်တွေကတော့ အသဲထဲမှာ စွဲနေအောင် နာသွားပြီ။ ၂၀၀၇ စက်တင်ဘာမှာ သံဃာတွေ သွေးမြေကျခဲ့ရတာ ဘယ်တော့မှ မေ့မှာ မဟုတ်တော့ဘူး

    ReplyDelete
  4. ရင်ထဲမှာ နက်ရှိုင်းနေတဲ့ စက်တင်ဘာကဗျာလေးကို ဆုဝေဆီမှာ လင့်ခ်ထားတယ်နော်။ ခွင့်ပြုတယ် မဟုတ်လားဟင်

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...