ငါ့ရင်ခွင်ထဲမှာမင်းအတွက်ပွင့်ခဲ့တဲ့
နှင်းဆီဖြူတစ်ပွင့်ရှိတယ်
အဲဒီနှင်းဆီဖြူကိုမင်းယူဆောင်သွားပါ
ပြီးတော့
ငါ့ရှေ့မှာဖြစ်ဖြစ်..(နောက်ကွယ်မှာဖြစ်ဖြစ်ပေါ့)
မင်းနင်းခြေဖျက်ဆီးပြစ်လိုက်ပါ။
ငါ့ရင်ထဲမှာမင်းအကြောင်းဖွဲ့ဆိုထားတဲ့
ကဗျာတစ်ပုဒ်ထွက်ပေါ်လာလိမ့်မယ်
အဲဒီနောက်
ငါသေဆုံးသွားလိမ့်မယ်
ငါ့အုတ်ဂူဘေးမှာ နှင်းဆီဖြူတွေပွင့်ဝေနေလိမ့်မယ်။
မိုးလှိုင်ည
ဆွေးဆွေးလေးနဲ့ တစ်မျိုးပဲ ဒါပေမယ့် ကြိုက်တယ်....
ReplyDeleteနှင်းဆီကို မနင်းချေရက်ပါဘူး
ဒါပေမယ့် မနင်းချေရင်
ရင်ထဲက ကဗျာက ထွက်မလာတော့ဘူးလားဟင်..