မရောက်ဖြစ်တာကြာပြီဖြစ်တဲ့
ခရီးအစကို သတိရလာတော့…।
ဟိုး..အတိတ်ဝေးဝေးမှာ
လုံခြုံအေးချမ်းတဲ့ အမေ့အိမ်ကလေးက
တည်ငြိမ်ရင့်ကျက်တဲ့အသွင်နဲ့
အမေ့ပုံရိပ်တွေ ထင်ကျန်လို့
သားတစ်ယောက်ကို ကြိုလင့်နေခဲ့….
ဘ၀ဟာ မောပန်းလာတဲ့အခါပေါ့
နှစ်ပေါင်းများစွာ ဟန်ဆောင်ခြင်းတွေက
မျက်နှာဖုံးကွာကျပြီး
အချိုကုန်သွားတဲ့ ပီကေတစ်ခုလို
ဝါးရင်းနဲ့ပဲ စိတ်ပျက်လာခဲ့ရ….
ဘ၀မှာ ဘယ်သူတွေအပြစ်ရှိလဲ….
သစ္စာမဲ့တတ်တဲ့လောကကို ကျောခိုင်းပြီး
အမေ့အိမ်ပြန်ခရီးကို သားစခဲ့ပြီ….
ကိုယ့်အပြစ်နဲ့ ကိုယ်ပေါ့အမေရယ်
ဒါပေမယ့် သားကြောက်ရွံ့မနေပါဘူး
ဆုံးရှုံးမှုတွေ၊ အလှည့်စားခံရမှုတွေကို
နာကျည်းခံပြင်းခဲ့ပေမယ့်
အမေ့ဆီမှာတော့
ဝန်ချတောင်းပန်ရုံနဲ့
ကလေးဘ၀ကို သားပြန်ရဦးမှာပါ….။
မိုးလှိုင်ည
No comments:
Post a Comment