မနက်ခင်းရောက်တိုင်း
အထူးတဆန်းနိုးထလာပုံနဲ့ ရိုးရိုးသားသား
ကမ္ဘာအနှံ့အပြားကို အော်ဟစ်ခဲ့...
ဒုက္ခကိုချစ်တယ်
ဒီကောင်းကင်နိမ့်နိမ့်လေးကို ချစ်တယ်
ဒါဟာ
ကဗျာတစ်ပုဒ်ရဲ့ အဖွင့်နဲ့အပိတ်ပေါ့ ညီမလေးရယ်။
နှစ်ဆယ့်လေးနာရီတစ်ကြိမ် တရားကျဖို့
စက္ကန့်နှစ်ဆယ်လောက်ပဲ လိုအပ်သတဲ့လေ
သူကိုယ်သူ အပိုင်တွက်ချက်
ခရီးထွက်သွားသူကြီး ပြန်မလာမီ
ဒီမှာ နောက်ထပ်နှစ်ဆယ့်လေးနာရီရှိတယ်
ဘယ်သူတွေယူဦးမလဲ။
ညီမလေးရေ...
(ကိုယ့်ထွေးမေလေးရေ..)
မျော်လင့်ခြင်းကတော့ သူမဟုတ်တဲ့အတိုင်းပေါ့ကွယ်
ဆိုနေကျ နွေဦးသီချင်းမှာ
ပြီးတော့ ငါတို့ရင်အုံတွေပေါ်မှာ
စံပယ်တွေကိုပဲ တစ်ပွင့်ချင်းနမ်းလို့။
ကျော်မျိုး
No comments:
Post a Comment