Pages

Saturday, May 5, 2007

နင်မရှိတဲ့ မနက်ဖြန်

နင်နဲ့ငါနဲ့ ပြောရင်နင်ငါ့ကို
စိတ်ဆိုးနေကျ
ခမ်းခမ်းနားနား နင့်အသိုင်းအ၀ိုင်းက
ငါ့ကို အရိုင်းအစိုင်းလို့ သမုတ်တယ်
ဒါပေမဲ့ အပေအတေလေးရဲ့
စိတ်သဘောထားကို နင်အသိဆုံးပဲ
အရင်က အဲဒီစိတ်ထားလေးကို ချစ်တာလို့
နင်ပဲ အမြဲပြောခဲ့တာ
ငါကလည်း သေချာရဲ့လား
အထက်တန်းစား မမလို့ အမြဲမေးဘူးတယ်
အခုတော့ မသေချာဘူးဆိုတာ
သေချာသွားပြီ
ငါကနင့်ကို မလွမ်းဘူးဆိုတဲ့စကားကို
ငွေဝင်ဂါထာလို မိုးလင်းတိုင်းရွတ်တယ်
ဒီဘ၀တော့ နင်နဲ့ငါ လက်မထပ်ဖြစ်တဲ့
အကြောင်း နင့်သူငယ်ချင်းဟောင်းတွေနဲ့
တွေ့တိုင်းပြောမိတယ်
နင်ကအနုပညာ အတုအစစ်ကို
ခွဲခြားမသိဘူး
နာမည်ကြီးရင် ပိုက်ဆံရှိရင်
အောင်မြင်ပြီလို့ နင်တွေးတယ်
အဲဒီလိုနဲ့နင်မေးတဲ့မေးခွန်းက
ငါဘာအသုံးကျသလဲတဲ့
နင်ငါ့ကို ဘာအသုံးချချင်မှန်း မသိတော့
ငါဘာမှ ပြန်မဖြေတတ်ဘူး
ငါ့ကိုအရူးဆိုပြီး နင်ထားခဲ့တော့
ငါရူးကြောင်းသေချာသွားအောင်
နင်မရှိတဲ့ မနက်ဖြန်မှာ
တစ်စုံတစ်ယောက် ဖတ်မိဖို့အတွက်
ဒီကဗျာကို ငါရေးတယ်။

မိုးလှိုင်ည