ခက်တယ်
အထက်တန်းကျောင်းသားဘ၀ထဲက
မဖြေမနေရမေးခွန်းတွေဆို
ကျွန်တော်အသက်ရှုကျပ်တတ်တယ်
ကြက်ခြေခတ်တွေသာ
ကျွန်တော်ခြစ်ခဲ့တော့
ဘယ်တော့မှပထမ
မလိုချင်တဲ့ကျောင်းသားဆိုးလေး
ဆရာမကြိမ်လုံးတွေနဲ့ အကြိမ်ကြိမ်တိုးခဲ့ဖူးတယ်…။
ခက်တယ်
ဘ၀ဆိုတာဓားသွားပေါ်ဆပ်ကပ်ကစားရသလိုပဲ
ဒါပေမယ့်ကျွန်တော်ရင်မခုန်တတ်တော့တာကြာပြီ
နာရီမကြည့်ဖြစ်တာကြာတော့
မနက်ဖြန်ကိုကျွန်တော်အလွတ်မရတော့ဘူး
ဒီတစ်နေ့ကိုပဲ တွေတွေလေးကြည့်နေမယ်
ကျွန်တော်အသက်ရှိတာသေချာရင်ပေါ့…။
ခက်တယ်
တစ်စက္ကန့်ကိုစိတ်ချက်တစ်သိန်း
စိတ်ချက်တစ်သိန်းမှာ ကုသိုလ်စိတ်တစ်ချက်ဝင်ရင်
နတ်ပြည်တက်နိုင်တယ်တဲ့ ခက်တာက
ဒီကောင်မှာ စက္ကန့်ငယ် အပိုင်းလေးမှာ
ကိလေသာတစ်သိန်းလောက်ထူထပ်
ဖြတ်လျှောက်သွားတဲ့ကောင်မလေးတွေဆီက
အကုသိုလ်တွေယူလိုက်သေးတယ်
ခက်တယ်
ကိုယ့်ဈာပနကိုယ်ပြန်ချလို့မရသလို
ကိုယ်ကိုကိုယ်ပြန်ကြိုက်လို့ကိုမရဘူး
မေးခွန်းနဲ့အဖြေလွှဲခဲ့ရင်တောင်
ဆရာမမွန်းသက်ပန်ရေ
ဆေးမကြိုက်တဲ့လူနာမို့
ဝေဒနာတွေကိုပဲမှီဝဲလို့
ခက်ခဲတဲ့မေးခွန်းတွေကိုရယ်မောကြရုံပဲပေါ့….။
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သူတို့အဆုတ်၊ ထားခဲ့မြုပ်သည့် ဗုံးငုတ် တိုက်မှား၊ မောင်ပြောက်ကျားကို ရွာသား ရွာသူ၊ မေးကြမြူသည် အူအူယမ်းငွေ့ထတုန်းတည်း။ အမောင်...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သူ့ကိုကြည့်ပြန်တော့လဲ အဲဒီကကို မတက်တော့ဘူး ကိုယ်ရပ်နေသလိုလို သူသွားနေသလိုလို၊ မဟုတ်ဘူး ဘယ်သူမှ မသွားဘူး ဘယ်သူမှမရပ်ဘူး သွားတယ်ရပ်တယ်ဆိုတ...
ဒါလေး ကြိုက်တယ် မိုးလှိုင်ညရေ.. မွန်းသက်ပန်တော့ ဘယ်လိုနေမယ် မသိး)
ReplyDelete