နေတွေ တစ်စင်းပြီးတစ်စင်း
ကျွန်တော့်ခေါင်းပေါ်က ဖြတ်ပျံသွားကြတယ်
လမ်းမှားတဲ့မြေပုံနဲ့တော့
ကောင်းကင်မှာ လက်လက်ထနေတဲ့
ကြယ်တွေကို ရမှာမဟုတ်ဘူး
အရှုးအမှုး ထွန်ယက်ဖူးတဲ့ ကန္တာရတစ်ခင်းကို
ရေမလောင်း ပေါင်းမသင်နဲ့
ကိုယ့်ကိုကိုယ်လည်း မပြုပြင်ချင်တော့
လမ်းဟောင်းတွေ ဗွက်ထနေလို့
ကံတရားကို အယုံအကြည်မဲ့ပေမယ့်
ဆူးခြုံတွေရှိတဲ့လမ်းက သွားရတော့မယ်
ဘ၀က အရာရာနောက်ကျပြီးသားလေ
ပန်းတိုင်ကို ပျပျလေး မြင်ရပြီးတဲ့နောက်
ဝေဒနာသိပေမဲ့ ဆေးမှားစားခဲ့မိပြန်ပြီ
ကျွမ်းတမြေ့မြေ့ တက်တခေါက်ခေါက်
အခုမှတော့ မကြောက်ပါဘူး…။
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
အစိုးရကိုယ်၌ ကသောင်းကနင်းနှင့် အဓိပ္ပါယ်မရှိ ဖြစ်နေလျှင်၊ မကူညီဘဲ စိုးမိုးအုပ်ချုပ်နေလျှင်၊ ဦးမဆောင်ဘဲ အမိန့်များသာပေးနေလျှင်၊ဤ...
-
အဆုံးမရှိအောင်ကျယ်ဝန်းတဲ့ အမှားထဲ တိမ်တွေကလှလိုက်တာ ကိုယ်မှာတရားနဲ့ဖြေရတယ်။ မောင်သိန်းဇော်
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
This comment has been removed by the author.
ReplyDeleteဟုတ် ကြောက်နဲ့ ဆက်သာလျှောက်
ReplyDeleteFIGHTING!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
သာယာချမ်းမြေ့ပါစေနော်
မိုး
စစ်မှန်သော နောင်တ သည်သာ တန်ဘိုးရှိ ပေနေမည်။
ReplyDeleteခံစားချက်လား (သို့) ခံယူချက်လား
ဆိုတဲ့ မိမိရဲ့ ရပ်တည်မှုကို သိရမည်။