Thursday, March 18, 2010

သေဆုံးသွားတဲ့ နေ့တစ်နေ့

ဘာပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဖက်လုံး အပြည့်အ၀ လွှဲချော်ခွင့် ရှိနေတုန်း.. အဖြစ်အပျက်တွေကို ရေစုန် ရေဆန် ရှုမြင်ကြတာပဲ.. ဆုပ်ကိုင်ထားစရာ ကလည်း မှန်တယ်ထင်ရတဲ့ အကြောင်း ပြချက်ကိုယ်စီနဲ့… အချိန်မရွေး ရှုံးနိမ့်နာကျင်နိုင်တဲ့ ပေါက်ကွဲမှုတွေကြားမှာ … မရပ်မနားပြေးလွှားရင်း.. ငါတို့နှင်းဆီခင်းလေး ကျကျန်ခဲ့တယ်..။ လမ်းတွေဟာ ဆုံးစမရှိ ရတဲ့ အထဲ လက်ပြပြီးထားခဲ့ရတဲ့ အမှတ်အသားတွေ နည်းနည်းလေး တိမ်းစောင်းလိုက်ယုံနဲ့ လွဲချော် သွားနိုင်တဲ့ အခြေအနေ .. မသိနားမလည်ပဲ အမှတ်အသားတွေ ထားခဲ့တယ် အတိတ်
ငါတို့ ပြန်မရောက်နိုင်ကြတော့ဘူး.. .. ဒီလိုနဲ့ မှုန်ဝါးတဲ့ နေ့ရက်တွေလို ငါတို့ ၀တ်ဆင်ထားတဲ့ အရေပြားတွေလည်း ဟောင်းနွမ်းညစ်ပါတ်ကုန်ပြီ ယုံကြည်မျော်လင့်ချက် တွေ ချေးအထပ် ထပ်တင်ကျန်လို့… ဆားငွေ့တွေ ရိုက်ခတ်လောင်ကျွမ်း သွားတဲ့ ရွက်လှေအိုကြီးလို ပင်လယ်ထဲမှာ ပင်လယ်ကို တစ်စခြင်း နစ်မြုတ်ခဲ့ရတယ်… အိပ်မက်တွေဟာ ရိတ်သိမ်းလွန်
ယာခင်းအို ထဲ ရင့်ရော်ကြွေလွင့် ပြီးတဲ့နောက် …


ငါတို့ အတွက် အနောက်တောင် မုန်သုန်လေတွေ အသစ်ပြန်လည် မတိုက်ခတ်တော့ပါ။


ပျင်းရိပျင်းတွဲ မနက်ခင်းတွေ အဖွင့် အရင်လို လင်းလက် နေတဲ့ အာရုံတွေဟာ ငါ့ကို ပိုမို သွေးဆူလွယ် စေတာကလွဲလို့… ဘယ်လိုခံစားမှုမျိုးမှ မပံ့ပိုးနိုင်ဘူး…

ဒီထက်ပိုရှင်းပြလည်း ဒီထက်ပိုနားလည်နိုင် မယ့် အဓိပါယ်မျိုး မရှိပါ…။

ကြယ်စုတွေ ရဲ့ နာမည်ကို ငါမမှတ်မိတော့ဘူး ဒိုင်ယာရီကို ပြန်လှန်တော့
၂၈/ စနေနေ့ … ဆီထည့်မောင်းသည် … သုံးမိုင်ခွဲ
သီချင်းသံက ထပ်ကျော့နေတယ်…


ဒီထက်ပို တွက်ချက်လည်း ဒီအဖြေပဲ ထွက်လာမှာ…
အစားအစာတွေ အားလုံး သိုဝှက်ထားခံရတဲ့အချိန် ဗုံးလည်းကြဲတယ် ဘီစကွတ်လည်း ကြဲတယ်….
အဲဒီ ကဘာကြီးနဲ့ တစ်စားပွဲတည်း ထိုင်ခဲ့ဖူးတာပဲ…
မျက်လုံးထောင့်စွန်းက တိမ်တွေ ရွေ့နေတယ်..
ဒီတောင်ကိုကျော်ရင်တော့ သူတို့လည်း ညှို့မှောင်ပြီး ပြုတ်ကျလာမှာ…
အခုကြိုတင်ပြောပြထားလည်း ကိုယ့်ဘက်ကအလွန်ဖြစ်နေမှာ..
မနက်ကတည်းက မတွေးရသေးတဲ့ စာပိုဒ်ကို ထပ်တွေးတယ်
ကျမ်းစာဟာ ထင်ထားတာထက် သစ်လွင်တုံးပဲ..
အဓိပါယ်ဖော်မရတာတွေကို မနက်ဖြန်အထိ ခေါ်လာခဲ့တယ်
ဒီဂိမ်းက အသက်ရှင်နေတုန်း ကစားရင်ပျင်းစရာကြီး..
နောက်ဆုံးသောက်ခဲ့တဲ့ခွက်ထဲမှာ လက်ကျန်အရက်တွေ ပြန်ပြည့်နေတယ်
နောက်ဆုံး ထားခဲ့တဲ့ရက်မှာ လက်ကျန်ရက်တွေ ပြန်ပြည့်နေတယ်…
အခုတော့ ဘယ်နေရာမှာဖြစ်ဖြစ် အရင်လိုနေလို့ မကောင်းတော့ဘူး
မနက်ဖြန်ရောက်တော့ မနက်ဖြန်နဲ့အတူ သူနဲ့တူတဲ့တစ်ယောက် နိုးထလာဦးမယ်…
သူကတော့ အိပ်ခန်းထဲမှာ နေ့တစ်နေ့ကို အဆုံးစီရင်နေတာ နှစ်နှစ်ခြိုက်ခြိုက်….။


မိုးလှိုင်ည

1 comment:

  1. သေဆုံးသွားတဲ့နေ့တစ်နေ့ အတွက်ဘာသာပြန်

    နှစ်ဦးနှစ်ဖက် ကတမင်တကာလွှဲချော်တာပါ ဒီတော့ရေစုတ်ရေဆန်
်ရှုမြင်စရာမလိုအောင်ကို ရှင်းတယ်
    ဒါကြောင့်ရှုံးနိမ်မှု့တွေနာကျင်တာတွေအတွက်
်ပြင်ဆင်ရင်းမရပ်မနားနဲံ နှင်းဆီခင်း စပယ်ခြုံတွေကို ပြေးလွားကျော်လွားရင်းမှန်တယ်ထင်တဲ့အကြောင်း
    ပြချက်က တခုဘဲရှိတယ် အဲဒီတစ်ခုကဘဲ ဦးဆောင်ကာ ကန့်သတ်ထားတဲ့ရက်တွေမှာ အတိတ်တွေကိုပြန်မရောက်ဘဲယုံကြည်ချက်
    မျော်လင့်ချက်တွေ ချေးအထပ်ထပ်မဖြစ်အောင် သစ်လွင်နေတဲ့ရွက်လှေလိုတစ်ဦးထဲရှိတဲ့အခါ
    လွှုင့်နိုင်အောင်လေ့ကျင့်သင်ယူကြရအောင်

    ဘယ်မုန်သုန် ဆိုက်ကလုန်းတိုက်တိုက်
    ပျင်းရိပျင်းတွဲ မနက်ခင်းတွေ အဖွင့်အရင်လို လင်းလက် နေတဲ့ ငါ့ကို ပိုမို သွေးဆူလွယ် စေတဲ့အာရုံတွေဟာ မပြောင်းလဲပစ်နိုင်ဘူး

    ဒီထက်ပိုရှင်းပြလည်း
    ဒီထက်ပိုနားလည်နိုင်မယ့် အချစ်ဘာသာပြန်မရှိတော့ပါ…။

    ကြယ်စုတွေ ရဲ့ နာမည်က
ိုငါမမှတ်မိတော့တာမစမ်းပါ လင်းလက်နေတဲ့ကြယ်တပွင့်ငါနားရှိနေတာကိုး ဒိုင်ယာရီကို ပြန်လှန်တော့
    ၂၁ မတ်လ/ တနင်္ဂနွေနေ့ အစားအသောက်စုံလင်စွာနဲံ ဗုံးကြဲသလို ခလေးတွေကိုဝေငှပေးဖို့ဘီစကစ်ကိုအဲဒီက
    ဘာကြီးလက်ထဲထည့်ခဲ့တယ်
    ဗဟုသုတခရီးစဉ် အကျိုးပြုစာပေတွက်ခရီးထွက် ၁၅၀၀ကီလိုမိတာသီချင်းသံကထပ်ကျော့နေပေမဲ့…
    အလိုက်သင့်ကြည်နှုးမိတယ် ကန့်သတ်ချက်ဟာ ပြီးဆုံးသွားပေမဲ့ မှတ်တမ်းတင်သူကောင်းခဲ့လို့ သုတေသနကျမ်းစာဟာ ထင်ထားတာထက်
    မှိငြမ်းဖို့ သစ်လွင်တုန်းပဲ..

    နောက်ဆုံးသောက်ခဲ့တဲ့ခွက်ထဲမှာ လက်ကျန်အရက်တွေ ပြန်ပြည့်နေတယ် ဘယ်လောက်ထိပြည့်လည်းမသိနိုင်ပေမဲ့
    မျက်လုံးထောင့်စွန်းက တိမ်တွေ ရွေ့နေတယ်..
    ဒီတောင်ကိုကျော်ရင်တော့ သူတို့လည်း
    ညှို့မှောင်ပြီး ပြုတ်ကျလာမှာ… အခုတော့ ဘယ်နေရာမှာဖြစ်ဖြစ် အရင်လိုနေလို့ မကောင်းတော့ဘူး
    နောက်ဆုံး ထားခဲ့တဲ့ရက်မှာ လက်ကျန်ရက်တွေ ပြန်ပြည့်နေတယ်
    အတိတ်အရိပ်ရင်မှာဟပ်နေဆဲဘဲလေ..

    မနက်ဖြန်ရောက်တော့ မနက်ဖြန်နဲ့အတူ သူနဲ့တူတဲ့တစ်ယောက် နိုးထလာဦးမယ်…
    ငါကတော့ အိပ်ခန်းထဲမှာ နေ့တစ်နေ့ကို အဆုံးစီရင်နေတာ နှစ်နှစ်ခြိုက်ခြိုက်….။

    ကဗျာလေးကိုခဏခဏဖတ်တယ် ကိုယ်ကိုတိုင်နားလည်မှု့ခက်တာရယ်
်စာဖတ်ပရိသာတ်လည်းခက်ခဲမယ်ထင်တာနဲ့ ပိုင်ရှင်ကိုမိုးလှိုင်ည
    ကိုခွင့်မတောင်းဘဲဘာသာပြန်မိသည် မှားနေတဲ့နေရာတွေကို ပြင်ပေးပါနော်..

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...