ဘာကြောင့်မှန်းမသိပဲ သူမက သိသိနေတယ်
ဘာကြောင့်မှန်းမသိပဲ ကျွန်တော်က ကြည့်ကြည့်နေမိတယ်
ဘာကြောင့်မှန်းမသိပဲ သူမက ကျွန်တော်ကို ဘာကြောင့် သိသိနေတာလည်း
ဘာကြောင့်မှန်းမသိပဲ ကျွန်တော်က သူမကို ကြည့်ကြည့်နေရတာလည်း
သူမက ကျွန်တော်ကို သိသိနေတယ် ..
ကျွန်တော် အရွှဲ့တိုက်တတ်တာက အစ ကျွန်တော် အသားမည်းတာအဆုံး
ကောင်မလေးတွေကို ချိန်းချိန်းပြီး မတွေ့ရဲတာကအစ
သူမက သိသိနေတယ်..
သူမက ဘာကြောင့်သိသိနေတာလည်းဆိုတာကို ကျွန်တော်ဘာကြောင့်မသိရတာလည်း
သူမကို ကျွန်တော်က တစ်ချိန်လုံးလှမ်းကြည့်နေတာပဲ..
ပြီးတော့ ကျွန်တော်စိတ်တိုတတ်တာ ကျွန်တော် ပျော်ရွှင်တတ်တာ
ပြီးတော့ ကျွန်တော် ကဗျာရေးတာ.. ပြီးတော့ ကျွန်တော် စီးကရက်ကြိုက်တာ
ပလက်ဖောင်းပေါ်ခြေပစ်လက်ပစ်ထိုင် လမ်းလျှောက်နေတဲ့ လူတွေကိုငေး
ကျွန်တော်တွေးသမျှတွေကို သူမ ဘာကြောင့် သိသိနေတာလည်း
ကျွန်တော်ကတော့ အဆက်မပြတ်ကြည့်နေတာ.. သူမကို ဘာကြောင့်မသိတာလည်း
သူမကို ဘာကြောင့် မမြင်ရတာလည်း..
ကျွန်တော် အရိပ်လို သူမဟာ ကျွန်တော် အရိပ်မဟုတ်ခဲ့ပြန်ဘူး..ကျွန်တော်ကြည့်နေတယ်
အမှောင်ထဲကို သူမအကြောင်း သိမလားလို့..
ကျွန်တော်လည်း ဘာကြောင့်မှန်းမသိပဲ… သူမသိသိချင်လာတယ်..
သူမကျွန်တော်ကို ကြည့်မနေဘူးဆိုရင်..။
မိုးလှိုင်ည
ဟုတ်တယ် ဒီကိစ္စ ပေါ့လို့မဖြစ်ဘူး ။
ReplyDeleteသူမက ခင်ဗျားကို သိ သိနေပြီး
ခင်ဗျားက ကြည့်သာကြည့်နေတယ် သူမ(စိတ်)ကို မသိဘူးဖြစ်နေတယ် ။
ဒီလိုလုပ်ကြည့်ပါလား တရားလေးဘာလေးထိုင် ပုတီးလေးဘာလေးစိတ် သမာဓိကောင်းလာရင် သိသိလာနိုင်တယ် ။
(ခင်လို့နောက်သွားတာပါ :P)
ဘာကြောင့်မှန်းမသိပဲ..ဒီကဗျာကိုဖတ်မိနေတယ်။ စိတ်ဝင်စားစရာကောင်းတာကိုလဲ..သိသိနေတယ်။
ReplyDeletema pot nae. kwar.
ReplyDeleteyat kyi. loh a myat ma shi woo :D