Friday, March 19, 2010

ရုံးတော်ကအပြန်…

နှစ်ယောက်စလုံး တိတ်ဆိတ်မှုဆိုတဲ့
ချောက်ကမ်းပါး ထဲကျနေတယ်..
စားပွဲတစ်ခုခြားပြီး.. တစ်ယောက်နဲ့တစ်ယောက်
စစ်ပြင်လို့…
နင်လည်း ဘာထူးလည်း..
ခပ်ညံ့ညံ့လူတွေလို
ရသင့်ရထိုက်တာထက် ပိုလိုချင်နေတာပဲ
ရှင်ကကော ဘာထူးလည်း…
ပိုက်ဆံနဲ့မာနတရားကလွဲရင်
ဘယ်သူခံစားချက်ကိုထောက်ထားဖူးလဲ…
နင်ကပေါင်မုန့်အသိုးတစ်လုံးလို
အမှိုက်ပုံးနဲ့ပဲ တန်တဲ့မိန်းမ
ရှင်က ယင်ကောင်ကျသေနေတဲ့
ကော်ဖီတစ်ခွက်လို အိမ်ရှေ့မြောင်းထဲ
သွန်ပစ်ဖို့ကောင်းတဲ့ယောကျာင်္း
နှစ်ယောက်လုံး မေတ္တာတရားမပါပဲ
ပေါင်းသင်းနေထိုင်မိတာ
အဲဒီအစကတည်းက နှစ်ယောက်စလုံး
စမှားကြတာပဲ…
အခု နှမြောတသ နှစ်ကာလတွေ
လွန်ကုန်ပြီ…
နင့်ကော်ဖီဖိုးနင်ရှင်းလိုက်ပါ…
ငါစားတဲ့ပေါင်မုန့်ဖိုး ငါရှင်းလိုက်မယ်..
ငါဆီမှာ မိန်းမတစ်ယောက်အတွက်အပိုသုံးစရာပိုက်ဆံမရှိဘူး..
ရှင်အဲဒါပဲ မိန်းမတစ်ယောက်မရှိတာနဲ့
ပိုက်ဆံဆိုတာ မူးလို့ရှုစရာ မရှိဘူးမဟုတ်လား…!!!


မိုးလှိုင်ည

4 comments:

  1. ရုံးရှေ့က လက်ဖက်ဆိုင်ထဲမှာ အေးစက်တိတ်ဆိတ်နေတဲ့ တချိန်က ရင်းနှီးလွန်းခဲ့သူနှစ်ယောက်...။

    ReplyDelete
  2. ဒီတခါတော့ဘာသာပြန်ပြီးသားဖတ်စရာမလိုတော့ဘူး
    ရှင်းတယ်

    မရှင်းတာကဘယ်မှာဖြစ်တာပါလိမ့်
    ပေါင်မုန်ဆိုတာကတော့နေရာတိုင်းရပါတယ်
    ဒါပေမဲ့ West မှာကအဓိကအစားအစာလေ

    ကိုထူးစမ်းကြီးနေတဲ့နေရာကို trace လိုက်တာလေ

    ReplyDelete
  3. ရုံးတော်က နှစ်ကြိမ်မြောက်ဆင်းအလာ ...
    လှေခါးထစ်များ နည်းလှချည့်လား ...
    အပြုံးနဲ့ သာ ကြုံဆုံပြီးခွဲခွာ ...

    အစ်ကိုရေ ...
    ကိုင်ဇာရဲ့ ဒီသီချင်းလေးကို သွားပြီး သတိရမိတယ်ဗျာ ... ။
    လေးစားလျက်
    ချစ်ခြင်းအားဖြင့်-ညီငယ်နေ့ သစ်

    ReplyDelete
  4. တချိန်ကတော့ ပေါင်မုန့်အတွက် ကော်ဖီလိုပီး.. ကော်ဖီအတွက် ပေါင်မုန့်ရှိချင်ခဲ့မှာပေါ့...

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...