Friday, September 7, 2007

ပန်းကလေး အတွက်သစ္စာ

ပန်းကလေးရေ ကမ္ဘာတစ်ခုလုံးစာ အလွမ်းတွေရှိလေရဲ့
မျော်လင့်ချက်ဆိုတာ မမျော်လင့်ပဲဆုံတွေ့ခဲ့ရမှုရဲ့
အဆိပ်တက်မှုသက်သက်ပဲ....
ရာသီတွေယိမ်းနွဲ့တဲ့ကမ္ဘာမှာငါတို့လူဖြစ်လာကြတယ်.....
ငါတို့ရှင်သန်နေသလောက်ပူပြင်းလောင်မြိုက်တဲ့နွေလည်းရှိတယ်
တခါတရံထန်ပြင်းလွန်းတဲ့မုန်တိုင်းတွေ
ငါတို့မျော်လင့်ချက် လွင်ပြင်ကိုလည်းတိုက်ခတ်တယ်
အေးစက်စက် ဆောင်းလက်သည်းတွေ
ငါတို့နှလုံးသားတွေကိုဆွဲယူခြေမွ...
ပန်းကလေးရေမင်းကို ချစ်နေရတာကိုပဲ
ငါ့အမှန်တရားလို့ယုံကြည်ထားပါရစေ
တစ်ကယ်ပါ ငါ့ရင်ထဲကနေ မင်းထွက်ပြေးသွားတဲ့နေ့က
ငါ့ရင်ခွင်တစ်ခုလုံးဟာ ဟီရိုရှီးမားကို အနမြူဗုံးကျဲချသလိုပဲ
ဘ၀တစ်ခုလုံးပျောက်ဆုံးသွားပြီ
ယုံကြည်ပါ ပန်းကလေးရေ ဒါဟာနောက်ဆုံးသစ္စာတရားပါ.....
အပြစ်တွေအားလုံးစီရင်ခံရပြီးတဲ့နောက်
မင်းနဲ့ငါကမ္ဘာသစ်အတွက် အချစ်စစ်ဖြစ်နေဖို့
ဆုတောင်းစကားကို စကြာဝဠာအစုအဝေးအားလုံး
ကြားနိုင်ပါစေ…..။

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...