Saturday, September 12, 2009

ဘုရားသခင်ကို ငါးကလေးတကောင်နဲ့

သူ့ကိုကြည့်ပြန်တော့လဲ အဲဒီကကို မတက်တော့ဘူး ကိုယ်ရပ်နေသလိုလို သူသွားနေသလိုလို၊ မဟုတ်ဘူး

ဘယ်သူမှ မသွားဘူး ဘယ်သူမှမရပ်ဘူး သွားတယ်ရပ်တယ်ဆိုတာ မရှိဘူး


ရှိတာက ‘သိနေခြင်း’၊ မရှိတာကိုရှိတယ်လို့ ‘သိနေခြင်း’ ။ သိနေခြင်းကို သိနေမိတယ်၊ ကဗျာဆရာရယ် မလှည့်နဲ့ကွယ် နဂိုရ်ကမှ အူလည်လည်ရယ် သိနေခြင်းကို သိနေ…ဟာ- ဘာတွေလဲ


ထုံးစံက ‘ထုံးစံ’ ကိုသာ စံလုပ်ခဲ့ကြသူတွေ ချန်ထားခဲ့တဲ့ ပြသနာကို ထုံးစံ အတိုင်း သိနေရမှာ ဒါမှ ထုံးစံသိက

လွတ်မြောက်ပြီးသူတို့ ထုံးစံ အတိုင်း ‘ထုံးစံ’ တွေကို ပယ်မြစ်တတ်လာမှာ


ခွာရာတိုင်းသလား တာယာဆိုဒ် တိုင်းသလားတော့မသိဘူး အရူးကိုလင်လုပ်မိနေပြီ ကုတ်အင်္ကျီဘေးအိပ်

ထဲမှာ ဖဲထုပ်တဖက် အံစာတုံးဗူးတဖက်၊ ရွာရိုးကိုးပေါက်လျှောက်တယ် ခြေအေးဝမ်းယောင်လည်းပါတယ်


ညှို့ဓါတ်အကြောင်း တခုတ်တရ ပြောနေကြတာ လသာသာမှာ ဗိုင်းငင်ခဲ့ကြသလို လငပုတ်ဖမ်းသတဲ့

ကြယ်မြင်လမြင်တဲ့ ကြယ်ယောင်ဆောင်နေတာတဲ့ မင်းအခု မြင်နေရတဲ့ ကြယ်တွေဟာ ငါကြဲထားတာ တဲ့


လုပ်ဆောင်ခြင်းမပြုမီမှာ နှစ်ကြိမ်ပြန်စဉ်းစားရမယ် မင်းရှေ့မှာထိုင်နေတာ ကျောက်ဖြူသား ရုပ်တု ခရမ်းချဉ်

သီးလို မင်းမကျင့်သုံးပါနဲ့ကွာ အဖွားကြီးက နောက်နေ့တွေ ဘုရားကျောင်းမှာထပ်တွေ့အုန်းမယ် စသဖြင့်


ရောင်စုံ ဘောလုံးက တလုံးငါးပြား ငါးကလေးတကောင်ဖမ်းမိတော့ ကျနော့်လက်ကို ကိုက်လို့ဆိုပြီးလွှတ်

လိုက်ရော ကျီးဖြူကျီးမဲ လဲပြောသေးတယ် တကောင်ထဲလဲ ပြောသေးတယ် ဒါကြောင့်လူကြီးတွေခက်တာ


စကားလုံးတီထွင်မှုတွင် အသိဥာဏ် နုံနဲသူ အခန်းနံရံ တခုလုံး သန်းကြွယ်သူဌေးတွေမှ နေနိုင်မယ့် အိမ်ပုံစံ

ပိုစတာတွေ အပြည့်ကပ်ထားတယ် နဂျယ်ကောင်အိမ်တခုနဲ့ မျက်နှာကျက်မှာကပ်လျက် ငှက်သိုက်တခုရှိ


ခြောက်လုံးလှန့်လုံးတွေက အလုပ်မဖြစ်တော့ပါဘူး ကျောင်းစာလုပ်မယ် လမ်းထိပ်လက်ဖက်ရည်ဆိုင်ထိုင်

မယ် တခါတလေ ဂိမ်း နဲ့ နက်၊ အဖော်ရခက်တဲ့ ပဟေဠိလို ခင်ဗျားကို မဖွက်တော့ဘူး ဒဲ့ပဲ ကောင်းတယ်

ကိုယ့်ကိုယ်ကိုမကြိုက်ဖူးဆိုတာထုတ်ပြောဖို့ သွားစိုက်ဆိုင်မှာ ၇ သောင်းခွဲဖိုးပြုပြင်လိုက်တယ် ဖာဒီနန် ဒီ

ဆောဆူး(ရ်)၊ အာမီရီ ဘာရာကာ၊ ဂျက်ကရူးအက်(က်)၊ဂျက္ကဆန်မက္ကလိုး၊ကဗျာတွေကိုရိုက်လှဲဘို့တင်းဘုတ်


တကောင်လဲတာနဲ့ တအုပ်စုလုံးဒလိမ့်ကောက်ကွေး တစင်းမှောက်တာနဲ့ တထွေးလုံး နင်းကျိတ်မိတတ်တဲ့

အားကစားပွဲတွေ တယောက်ရင်းပြီး လူတကျိတ်လောက်ရဲ့ဇီဝိန်ကိုချွေယူသွားတဲ့ လူမျိုးရေးအားပြိုင်ပွဲတွေ


နေကောင်းတယ် ဒီလိုပါပဲ ဟုတ်တာပေါ့ ဆုံကြဦးမယ်လေ ရှင် စာရင်းလုပ်တုန်းကကျမကိုပါထည့်ပြီးရေတွက်

သလား ဘုရားသခင်ကို ငါးကလေးတကောင်နဲ့ လဘ်ထိုးနိုင်မယ်လို့ ဘုန်းကြီးတို့ထင်နေသလား။


ခင်အောင်အေး

၁၂၊ စက်တင်ဘာ၊ ၂၀၀၉

3 comments:

  1. language/processကဗျာတွေနဲ့အခုကျွန်တော်တို့ရေးနေတဲ့ကဗျာတွေကြားခြားထားတဲ့နံရံပါးပါးကိုစိတ်ဝင်စားတယ်။စောင့်ဖတ်နေတယ်။ကွာခြားမူတခုတော့ရှိရမယ်။ဘုရားသခင်ဆိုတဲ့စကားလုံးကိုလွယ်လွယ်ကူကူရှာတွေ့နိင်တဲ့နေရာတွေထဲမှာခေတ်ပေါ်ကဗျာလည်းပါတယ်။

    ReplyDelete
  2. language/processကဗျာတွေနဲ့အခုကျွန်တော်တို့ရေးနေတဲ့ကဗျာတွေကြားခြားထားတဲ့နံရံပါးပါးကိုစိတ်ဝင်စားတယ်။စောင့်ဖတ်နေတယ်။ကွာခြားမူတခုတော့ရှိရမယ်။ဘုရားသခင်ဆိုတဲ့စကားလုံးကိုလွယ်လွယ်ကူကူရှာတွေ့နိင်တဲ့နေရာတွေထဲမှာခေတ်ပေါ်ကဗျာလည်းပါတယ်။

    ReplyDelete
  3. စဉ်းစားဥာဏ်ပဲနည်းသလား...ဦးဏှောက်ပဲ မလိုက်နိုင်သလား...မဝေခွဲတတ်သေးဘူးဗျာ...ခဏနေဦး..နောက်တခါဖတ်ပြီးရင်...ထပ်စဉ်းစားကြည့်ဦးမယ်

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...