Monday, September 28, 2009

သူမကိုကျွန်တော်ကြောက်သည်

Saturday, November 10, 2007

သူမကိုကျွန်တော်ကြောက်သည်

လူတို့သည်ဘုန်းတန်ခိုးကြီး၏
အမျက်ဒေါသကြီး၏
အလိုရမ္မက်ကြီး၏
လက်လေးဖက်၊ ခြေလေးဖက်၊
ဦးခေါင်းနှစ်လုံး၊လိင်အင်္ဂါနှစ်ခုနှင့်
ထိုသူတို့သည်…
နတ်ပြည်သို့တိုက်ခိုက်ရန်ကြံစည်နေဘိ
ထိုသူတို့အားနတ်လက်နှက်နှင့်
တိုက်ခိုက်ချေမှုန်းပစ်လိုက်ပါက
နတ်တို့အားကိုးကွယ်သူမဲ့ချေအံ့
ထိုကြောင့်လူတို့အား
လက်နှစ်ဖက်၊ခြေနှစ်ဖက်၊
ဦးခေါင်းတစ်လုံးထက်ခြမ်းဝက်၍
သူ၊သူမခွဲခြမ်းစေဟု
ဇုနတ်မင်းကြီးကဆုံးဖြတ်ခဲ့သည်။
(ဂရိဒဏ္ဍာရီ)

လူတို့သည်မိမိ၏ပျောက်နေသောအခြမ်း
ကိုရှာဖွေရင်း….
သူဟူသော ကျွန်တော်သည် သူမကိုရှာရင်း..

ဘုရားသခင်သည်
လူယောကျာင်္းသည်တစ်ဦးတည်းမနေကောင်း
သူ၏အထောက်အမကိုဖန်ဆင်းဦးမည်ဟု
အကြံရှိတော်မူလေသည်
ထိုကြောင့်လူကိုကြီးစွာသောအိပ်ခြင်းဖြင့်
အိပ်စက်စေ၍
နံရိုးတစ်ချောင်းအားထုတ်ယူပြီးလျှင်
အသားတို့စေ့စပ်၍လူမိန်းမအားဖြစ်ပေါ်စေသည်…
ထိုနေ့သည်ဆဌမမြောက်နေ့ဖြစ်သည်။
(ကမ္ဘာဦးကျမ်း)
မိမိ၏နံရိုးတစ်ချောင်းကို
မည်သို့သောအရပ်မှာရှာဖွေရမှန်းမသိခဲ့
သူမ ပျော်ရွှင်သောနေ့ရက်တို
အစဉ်အမြဲရရှိနိုင်ပါ့မလား…
မိမိနံရိုးအတွက်
ရင်မှနာကျင်ခြင်းတို့သည်ပိုမိုမြည်ဟီးနိုင်ခဲ့ပေသည်။

ချစ်သား
ဤသူငယ်မအတွက်ကျသော
သင်၏မျက်ရည်မြစ်အသွယ်သွယ်သည်
သမုဒ္ဒရာလေးစင်းထက်ပိုမိုများပြားခဲ့ပြီ
သံသရာအဖန်ဖန်ကျင်လည်ခြင်း၌
နာကျင်မှောင်မိုက်ခြင်းအတိကိလေသာအပေါ်
သင်သည်စွဲလန်းလောင်မြိုက်ဆဲလား….

မဖြစ်ခြင်းတရားဆီသို့
ကျွန်တော့်သူမနှင့်အတူသွားခွင့်ရချင်မိသည်…
သူမကိုကျွန်တော်ချစ်သည်…
ထိုသို့သော ကိလေသာအားဖြစ်စေသော
ထိုသူမကိုပဲကြောက်ခြင်းတရားနှင့်မြတ်နိုးမိဆဲ….။


မိုးလှိုင်ည


၂၀၀၇ နိုဝင်ဘာက ရေခဲ့ဖူးတဲ့ကဗျာလေးပါ

အခုထက်ထိလည်း ကြောက်တုန်းပဲမို့ ပြန်တင်လိုက်တာ...။

11 comments:

  1. မကြောက်ပါနဲ့အကိုရယ် ......:P

    ReplyDelete
  2. ကြောက်ခြင်းထက် တန်ဖိုးထားဦးစားပေးခြင်းဆိုလျှင်ပိုမှန်မည်ထင်ပါသည်။

    ReplyDelete
  3. ကြောက်ခြင်းထက် တန်ဖိုးထားဦးစားပေးခြင်းဆိုလျှင်ပိုမှန်မည်ထင်ပါသည်။

    ReplyDelete
  4. ကြောက်ကြောက်နဲ့ပဲ ရှေ့ဆက်တိုးနေမိတယ်..ဟဲ ဟဲ

    ReplyDelete
  5. ကြောက်တာ မဟုတ်လောက်ဘူးနော့ မြတ်နိုးနေတာ ဖြစ်မှာပါ။ ဒီချိန်ထိ ကြောက်နေတယ်ဆိုတာထက် တန်ဖိုးထားနေခြင်းက ပိုတယ်ဟုတ်။ ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete
  6. ကောင်းတယ်ဗျာ ကဗျာလေးတွေ..
    ကြောက်ရတာပဲကောင်းတယ်လန့် လွန်းလို့  ဟိဟိ။
    လာလည်ပါဦးကဗျာလေးတွေရေးထားတဲ့နေရာhttp://zippercoollink.blogspot.com/

    ReplyDelete
  7. ကြောက်နေရင်းနဲ့မြတ်နိုးနေတယ်...မ၀ံ့မရဲ့ကောင်းပါ၏ကိုမိုးေ၇....အနော်လည်းဒီတိုင်းပဲဟီး...

    ReplyDelete
  8. Your Poem is so nice Ah Ko.
    I like the Greece Story a lot since Childhood.
    I like this one very much, so touching, really.
    You are more & more professional on this :)

    ReplyDelete
  9. ဒီကဗျာလေးလဲ မိုက်တာပဲ...
    ကြောက်ခြင်းမှာ ချစ်ခြင်းတို့သက်ဝင်ပါစေ...။

    ReplyDelete
  10. သူ.ကိုလည်းကျွန်တော်ကြောက်သည်

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...