Thursday, September 17, 2009

ချစ်ခြင်းမဲ့နွေရာသီ

တဒင်္ဂတွေလည်း ပြင်မရတော့ပါဘူးအချစ်ရယ်

သီချင်းရှာတဲ့ ဂစ်တာတစ်လုံးထဲမှာ

ငါ့ အသည်းကွဲသံစဉ်တွေပုန်းခိုနေခဲ့ဖူးတယ်…


ဗုံးခိုကျင်းဖြစ်ခဲ့လို့ ဗုံးဆံတည့်တည့်မှန်သလိုပေါ့

နှလုံးသားပါတဲ့ လူမို့အရူးအမှုးချစ်ခဲ့ဖူးတာပါ…

မင်းပြန်မလာတဲ့ နွေရာသီမှာ

ဟောဒီယာခင်းတွေကို ငါတစ်ယောက်တည်း

မရိတ်သိမ်းရက်ပါ…။

ယောကျာင်္းတစ်ယောက်ဟာ ချစ်ခြင်းမေတ္တာမပါပဲ

ယုထ္တိုကျကျဘယ်လိုနေထိုင်ရမှာလည်း

ငါက စိတ်ကူးပေါက်ရာလျှောက်လုပ်နေတဲ့အရူးတစ်ယောက်


ညနေခင်းတွေဆို

တောင်ယာရှို့တဲ့မီးတွေလို

ငါ့အလွမ်းကပိုပြီးလှတယ်

အထီးကျန်ခြင်းအကျဉ်းထောင်ထဲမှာ

ငါ့ကိုခပ်ကြာကြာပိတ်လှောင်ထားခဲ့ပါ…

အပြစ်တွေကိုစီရင်ခံပြီး မင်းနတ်သမီးတစ်ပါး

ပြန်ဖြစ်လာတဲ့အချိန်

ဒါမှမဟုတ်

ကမ္ဘာဦးနေ့စွဲတွေအထိ ငါ့ချစ်ခြင်းတွေကိုသိမ်းဆည်းထားပါ့မယ်..။



မိုးလှိုင်ည

2 comments:

  1. ညနေခင်းတွေဆို

    တောင်ယာရှို့တဲ့မီးတွေလို

    ငါ့အလွမ်းကပိုပြီးလှတယ်

    တကယ်ကောင်းလိုက်တဲ့ စကားလုံးလေးတွေပါပဲ အကိုရေ

    ReplyDelete
  2. မင်းပြန်မလာတဲ့ နွေရာသီမှာ ဟောဒီယာခင်းတွေကို ငါတစ်ယောက်တည်း မရိတ်သိမ်းရက်ပါ...

    ဒီကဗျာထဲက စကားလုံးတွေ တအားလှတယ် :)

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...