Monday, September 7, 2009

ကဗျာ

အဲဒီကောင်က ရေးရတာခက်တယ်
အဲတော့လည်း လူတကာက လွယ်လွယ်ကူကူ ချရေးလိုက်ကြပေါ့
သူကလည်း ကဗျာ ငါကလည်းကဗျာ
အိုရွှေရောင်ကဗျာရယ်လို့
ဆရာဇော်ဂျီလို ရွတ်မိခဲ့ဖူးတယ်

လေးလုံးပဲစပ်စပ် မကျည်းရွက်ကိုပဲထပ်ထပ်
ဘီလူးပဲရယ်ရယ် တေးပဲထပ်ထပ်
ဘောပဲလည်လည် လွမ်းပဲချင်းချင်း
ကြေးကြိုးသရေလေလက်ခုပ်
ပါးစပ်က မှုတ်ထုတ်လိုက်တဲ့
လေပူဖောင်းတွေလို
ဟောဒီလောကကို အလှဆင်ဖို့ဆိုပြီး
ကဗျာတွေ ထွက်ကျလာတယ်

တစ်ခုတော့ ပြောခဲ့ပါ့မယ်
ဟောဒီလောကမှာ
ကဗျာတွေပေါတယ် ...
ကဗျာဆရာကတော့ ရှားတယ်။


ကိုဖြိုး

9 comments:

  1. တစ်ခုတော့ ပြောခဲ့ပါ့မယ်
    ဟောဒီလောကမှာ
    ကဗျာတွေပေါတယ် ...
    ကဗျာဆရာကတော့ ရှားတယ်။

    မှန်လိုက်တဲ့ စကားလုံးလေးပါပဲ . . . . သိပ်ကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါပဲ

    ReplyDelete
  2. တစ်ခုတော့ ပြောခဲ့ပါ့မယ်
    ဟောဒီလောကမှာ
    ကဗျာတွေပေါတယ် ...
    ကဗျာဆရာကတော့ ရှားတယ်။

    ဟုတ်ပါ့ ကဗျာဆရာရယ်လို့ကိုယ့်ကိုယ်ကိုခံယူလို့မရပါဘူး
    သူရေးတဲ့ကဗျာတွေကသာ ကဗျာဆရာဟုတ်မဟုတ်ကို သတ်မှတ်ပေးလိုက်တာပါ

    ReplyDelete
  3. ရှေ့ ကလူတွေပြောသွားသလိုပဲ ကဗျာတွေပေါတယ် ကဗျာဆရာကတော့ ရှားတယ် ဆိုတဲ့နေရာလေးရောက်တော့ ပြုံးမိပါတယ်။

    ReplyDelete
  4. တစ်ခုတော့ ပြောခဲ့ပါ့မယ်
    ဟောဒီလောကမှာ
    ကဗျာတွေပေါတယ် ...
    ကဗျာဆရာကတော့ ရှားတယ်။

    သိပ်မှန်တဲ့ စကားလေးပေါ့။

    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  5. ကဗျာဆရာ မတောက်တခေါက်လေး အမည်ခံရဲဖို့တောင် ကြိုးစားရတုန်းပါဗျာ။ သိပ်မှန်တယ်။

    ReplyDelete
  6. ခေတ်ပေါ် ကဗျာ ဆရာ တယောက်ပြောတာတော့
    မြန်မာပြည်မှာ အပေါဆုံးက
    ကဗျာဆရာနဲ့ ခွေးချေးတဲ့..။
    ပြီးတော့လည်း မြန်မာပြည်မှာ မထွက်တာက
    တိုက်တေနီယမ်နဲ့ ကဗျာဆရာတဲ့.....

    ReplyDelete
  7. ကဗျာစာပေ ကိုအစဉ်လေးစားလျှက်

    ReplyDelete
  8. အနော်လည်း....phyo..နဲ့ သဘောမျှပါကြောင်း......

    ReplyDelete
  9. တစ်ခုတော့ ပြောခဲ့ပါ့မယ်
    ဟောဒီလောကမှာ
    ကဗျာတွေပေါတယ် ...
    ကဗျာဆရာကတော့ ရှားတယ်။


    ဘာဖြစ်လို့ ကဗျာဆရာ က ဖြစ်ချင်တာတုန်း
    ခင်ဗျား ရင်ထဲကဗျာကဘယ်ရောက်သွားလို့တုန်း

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...