Friday, September 18, 2009

မားသားဘုတ်ခ်တွေ အနည်ကျတဲ့ပင်လယ်

Friday, December 14, 2007

မားသားဘုတ်ခ်တွေ အနည်ကျတဲ့ပင်လယ်


ကွန်ပြူတာဂိန်းစွဲလန်းလွန်းတဲ့ငါးတွေမှာ
အယ်ဇိုင်းမားရောဂါပြန့်ပွားနေပြ
ီတဲ့
ငါးအစစ်တစ်ကောင်ဟာ ပင်လယ်ထဲမှာမရှင်သန်နိုင်လို့
အရေးပေါ်ကယ်တယ်လိုက်ရတဲ့အကြောင်း
သူမနဲ့ချိန်းထားတာက
စကြာဝဠာစံတော်ချိန် 100079
ဝေါလ်ဝှိုက်ဝဘ်ပ် ဒေါ့ ၀ဲလ်ဒင်း ဒေါ့ နတ်က်
အကြီးကျယ်ဆုံးအွန်လိုင်းဝန်ဆောင
်မှုကနေ
လက်ထပ်ပွဲတစ်ခုကျင်းပနေတယ်…။
သတို့သားက ဆွန်ဇူးမျိုးဆက် တီမြစ်
တစ်ယောက်ဖြစ်ပြီး
ကူဗလိုင်ခန်နဲ့ဆွေမျိုးနီးစပ်တေ
ာ်စပ်သူ
စက်တပိုင်းလူတွေအတွက်
ယူရေနီယံချွင်းဂန်းထုတ်လုပ်ရောင
်းချတဲ့
မန်းအောဖ်သည်မက်စ် 20025
သတို့သမီး ဂျူပီတာမှာအခြေချနေထိုင်တဲ့
စပိန်မျိုးနွယ်သူဖက်ရှင်မယ်…
အိမ်ထောင်သားမွေးမှုကို နှစ်ဘက်ကုပ္မဏီများ
အသေးစိတ်ဆွေးနွေးကြပြီး….
သမ္မာကျမ်းစာထဲက မီးနဲ့ဆေးကြောတဲ့
အထိမ်းအမှတ်နေ့မှာ လက်ထပ်ပွဲကို
ဂလက်ဆီကွန်ယက်က
ဂြိုလ်ကြီးကိုလုံးကိုတိုက်ရိုက်
ပြသနေတာ
ပျင်းပျင်းနဲ့ထိုင်ကြည့်နေတုန်း
5.4.3.2.1.0 Accept
သူမရဲ့ခေါ်ဆိုမှုကိုလက်ခံလိုက်တယ်…
မေတ္တာတရားနဲ့ နှုတ်ခမ်းတွေဆီချိန်ရွယ်တော့
ဆောရီးပါ….
ယူရို (၇) သိန်းတန် အာရုံခံကိရိယာကို
ကျွှန်မလျှာမှာတပ်ဆင်ထားပြီးပြီ
စိတ်ကူးလိုက်ရုံနဲ့ရှင့်အနမ်းတေ
ွကျွန်မရရှိနိုင်မှာ
ရှင်လည်းတစ်ခုလောက်ဆောင်ထားသင်
့တယ်…
သွားပြီ…။
အနမ်းတွေရဲ့အကြည်ဓါတ်မရရှိနိုင်
တော့ဘူး
ကဗျာဆရာမှာ ၀င်ငွေမရှိတာ
ထောင်စုနှစ်သုံးခုရှိပြီ…

စိတ်ပြေလက်ပျောက် မော်နီတာတွေ
ပေါလောမျောနေတဲ့ ကမ်းခြေဘက်လမ်လျှောက်ထွက်လိုက်
တော့
ဟင်းစားရမလားလို့ မျှားကြည့်တဲ့ပင်လယ်မှာ
Motherboard တွေအနည်ကျလို့….။


မိုးလှိုင်ည


5 comments:

  1. နှစ်သက် မိတဲ့ ကဗျာတစ်ပုဒ်ပါပဲဗျာ ။

    ReplyDelete
  2. ကြိုက်တယ်ဗျာ...ကြောက်စရာ သိပ္ပံခေတ်ကြီးထဲ မျောသွားတယ်...

    ReplyDelete
  3. ဆ၇ာတစ်ပါးလို့ ပြောစရာမလိုအောင်ကို ထိလွန်းတယ် ဒါကြောင့် မိုးလှိုင်ညရယ်လို့ ဖြစ်နေကြတာကို . . . . အကိုရေ ကောင်းလွန်းတယ်ဗျာ ကဗျာလေးက

    ReplyDelete
  4. မိုးလှိုင်ရေ...

    ရေးတတ်..တွေးတတ် လိုက်တာ..
    ဒါပဲပြောတော့မယ်..

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...