လောကဓံကျည်ဆံတွေကို
ကဗျာဆိုတဲ့ရင်ဘတ်ကြီးနဲ့ထိုးထိုးခံ
သူပြန်အန်ထွက်လာတာက
အတွင်းစိတ်ကရတနာအစစ်တွေ
အဲဒါအနုပညာဖြစ်ရဲ့
သူ့စိုက်ခင်းကဘ၀နဲ့ရင်းရပေမယ့်
သီးထွက်ကောင်းတော့
ဟောဒီခေတ်ဆိုးခေတ်ပျက်ကြီး
တစ်ခုလုံးကိုတင်ကျွေးထားနိုင်ရဲ့
သူအမေပြောတော့အသည်းကခပ်ငယ်ငယ်တဲ့
အဲဒီမောင်ချောနွယ်ပေါ့
မျှားမယ့်မျှားတော့စကြာဝဠာကိုမှမျှားတယ်
ငှက်ဆိတ်တဲ့သစ်စည်းမှာတောင်
အဓိပါယ်တွေသိပ်သည်းနေရင်
ရာစုသစ်တစ်ခုလောင်းတောင်မှ
မောင်ချောနွယ်ကိုဖွင့်ဆိုလို့မရဘူး
သေချာတယ်
တစ်ကယ်သေသွားတာကမောင်ချောနွယ်မဟုတ်ဘူး
ဟောဒီအပုပ်အသိုးရာစုနှစ်ကြီး
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သူတို့အဆုတ်၊ ထားခဲ့မြုပ်သည့် ဗုံးငုတ် တိုက်မှား၊ မောင်ပြောက်ကျားကို ရွာသား ရွာသူ၊ မေးကြမြူသည် အူအူယမ်းငွေ့ထတုန်းတည်း။ အမောင်...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သူ့ကိုကြည့်ပြန်တော့လဲ အဲဒီကကို မတက်တော့ဘူး ကိုယ်ရပ်နေသလိုလို သူသွားနေသလိုလို၊ မဟုတ်ဘူး ဘယ်သူမှ မသွားဘူး ဘယ်သူမှမရပ်ဘူး သွားတယ်ရပ်တယ်ဆိုတ...
ကဗျာကအရမ်းကောင်းတယ်အစ်ကိုရေ
ReplyDeleteဟုတ်တယ်အကိုရေ.. ဆရာချော မသေ။ ခေတ်ကြီးသေသွားတာ။ ကဗျာတွေ အားပေးနေမယ် အကို
ReplyDeleteသေသွားတာ.မောင်ချောနွယ်အတုပေါ့...
ReplyDeleteမိုးလှိုင်ရေ..ကဗျာလေးကူးသွားတယ်
ဟယ်လို ကဗျာဆရာကြီးရေ ရောက်တယ် ကဗျာလေး ဖတ်သွားတယ် ဟဲဟဲ ညီမက တော့ မရေးတတ်ဘူး ရေးတတ်တဲ့လူတွေကိုတော့ ချီးကျူးပါတယ် ကိုမိုးလှိုင်ညရေ
ReplyDeleteဘိုင် တာ့တာ
သေချာတယ်
ReplyDeleteတစ်ကယ်သေသွားတာကမောင်ချောနွယ်မဟုတ်ဘူး
ဟောဒီအပုပ်အသိုးရာစုနှစ်ကြီး
သေချာပါတယ်ညီရေ...သေသွားတာမောင်ချောနွယ်မဟုတ်ပါဘူး...
ဆရာမောင်ချောနွယ်မိသားစု အတွက် ပိုက်ဆံ စုနေပါသည် ကျနော်မှ us 100 မဇာနည်ဇော်မှ us 50 ကိုထူးနောင်မှ us 50 စုစုပေါင်း us 200 ရရှိပီးဖြစ်ပါသည် ၊ ကဗျာဆရာ ကိုမိသားစုတော်မိသည့်အတွက် ဂုဏ်ယူစေချင်ရန် ရည်ရွယ်ပါသည် ၊ 00971502517533 သို့၎င်း hanz7997@gmail.com သို့၎င်း ဆက်သွယ်ကြပါ ၊ အောက်တိုဘာ 1 ရက်နေ့နောက်ဆုံးဖြစ်ပါသည် ၊ အောက်တိုဘာ ၅ရက်တွင် ပေးပို့ပါမည်...၊ 5 ၇က်နေ့တွင် နာမယ်စရင်းနှင့်တဂွ စရင်းရှင်းတမ်းပြန်ပို့ပေးပါမည်..၊
ReplyDelete