Wednesday, September 16, 2009

ခေတ်ပြောင်းခေတ်လွှဲ ကျောက်ခဲ

ဒီနေ့တော့

ကျောက်ခဲတွေကို သူ စီကြည့်နေမိတယ်

ကျောက်ခဲတွေက အရောင်တစ်မျိုးစီ

အမြဲရှိနေတဲ့အတွက် ကျောက်ခဲတွေကို ကြည့်တတ်ရင်

အနုပညာရတယ်

လမ်းခင်းကျောက်ပဲ ဖြစ်ဖြစ်

ဂ၀ံကျောက်ပဲ ဖြစ်ဖြစ်

မြစ်ကြမ်းပြင်အောက်က

ချောမွတ်နေတဲ့ ကျောက်ခဲတွေပဲ ဖြစ်ဖြစ်

နောက်ဆုံး သလင်းကျောက်တွေက

သူတို့ဘ၀တွေကို ဖန်သားပြင်လို

ပြန်မြင်ရတဲ့အဆုံး

သူဟာ ကျောက်ခဲတွေကို စိတ်ဝင်တစားကြည့်မိတယ်

ပြီးတော့ သူ စဉ်းစားမိတယ်

ကျောက်ခဲတွေ ဘ၀အပေါ် ပြုမှုဆက်ဆံတတ်ပုံကိုလေ

သူ့ဆီမှာ ကျောက်ခဲတွေကို စနစ်တကျ

လေ့လာထားတဲ့ အထောက်အထားတွေ မရှိဘူး

စိန်က အမာဆုံးဆိုတာ သိထားတယ်

ပြီးတော့ အရက်စက်ဆုံး

ပြီးတော့ သူ့နိုင်ငံထဲမှာ

မိုးကုတ်ပတ္တမြားမြေဆိုတာ ရှိတယ်

ဖားကန့်ဘက်က

ကျောက်စိမ်းမှော်တွေထဲမှာ

ကူးစက်ရောဂါနဲ့ သေခြင်းတရားတွေ

ဈေးကစားဖူးတာ သူ အမှတ်ရဖူးတယ်

ကမ္ဘာအရပ်ရပ်က

ပရိယသေန ဒါမှမဟုတ် စိတ်ကူးကြွယ်ဝမှုတွေ

ပေါက်ချွန်း ပေါက်ပြားတွေနဲ့

ကျောက်တူးသမားဆိုတဲ့ ဝေါဟာရပေါ်ဖူးတယ်

ပြီးတော့ ကျောက်တွင်းသူဌေး

ကျောက်ပွဲစား….. စသည်ဖြင့်ပေါ့လေ

ကျောက်တွေဟာ ဘ၀ပြောင်းစေတယ်

အဲဒါကို တွေ့ရှိခဲ့တာကြာပြီ…

သူကတော့ အဲဒီကျောက်တွေထက်

စက်မှုခေတ်ကို မောင်းနှင်ခဲ့တဲ့ ကျောက်မီးသွေးရယ်

အိုင်စီတီခေတ်ကိုမြန်နှုန်းမြှင့်ခဲ့တဲ့

CPU ထဲက သဲကျောက်တွေကိုပဲ

အမြတ်တနိုးထားချင်ခဲ့တယ်

အဲဒါက ခေတ်ပြောင်းခေတ်လွှဲ ကျောက်ခဲတွေပဲ…

ခင်ဗျားကော ဘယ်လိုထင်လဲ….. ။

မိုးလှိုင်ည

4 comments:

  1. thae kyauk so tot kar, wae pout yin lae poot loh ya mhar pot! heh heh j/k bro.
    this is a nice poem indeed.

    ReplyDelete
  2. ဟုတ်တယ်ညီရ။ သယံဇာတ ကျောက်ခဲတွေထက် လူ့ အရည်အချင်းတိုးတက်လာတာကို ကိုယ်စားပြုတဲ့ ကျောက်ခဲတွေက ပိုအရေးကြိးတယ်ထင်တာပဲ။ သယံဇာတတွေထဲမှာ လူသားသယံဇာတက အရေးအကြီးဆုံးမို့ လား။း)

    ReplyDelete
  3. အင်း... လုပ်ပြီ.... ကိုမိုးလှိုင်ည ပြောမှပဲ တွေးမြင်မိတော့တယ်....

    ReplyDelete
  4. ခေတ်စနစ်အရ စကားလုံးတွေကို အသွင်ပြောင်းပြီး မျိုချထားရတဲ့ ကျောက်ခဲတွေလဲ ရှိတယ်..။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...