Saturday, September 19, 2009

ကံကြမ္မာနဲ့ သရေကျတယ်


ပေးဂိုးတွေလည်းများခဲ့ရတာပဲ

ဒဏ်ရာအနာတရတွေလည်းအသေအချာရခဲ့တာပဲ

အဲဒါတောင်

ကံကြမ္မာဆိုတဲ့ကောင်က သရေပဲရသေးတယ်တဲ့

နောက်ပြီး သူက အသာစီးရချင်လို့

စည်းကမ်းချက်တွေလည်းသူကပဲချသေးတယ်

ငါ့မှာ မပြိုင်ချင်လည်းမရ

မနိုင်ချင်လည်းမရ…

ပုရိတ်သတ်ပေးတဲ့ နံပါတ်တစ်လည်းမလိုချင်

ပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆုလည်းမလိုအပ်

ဒါတောင်မှ

ငါ့ကန်ချက်ကိုမှ အရသာခံချင်တဲ့

ငါ့လက်ရည်ကိုမှ သွေးတိုးစမ်းချင်သတဲ့လား ကံကြမ္မာ

နံကြားကိုထိုးထည့်လို့ အမော့ဆို့မှောက်လဲရင်

ငါကပဲ သနားရဦးမယ်…

ကံကြမ္မာ မင်းတိတ်တိတ်နေစမ်းကွာ

ငါဒီမှာ ကဗျာဖတ်နေတယ်…

မင်းနဲ့ သရေကျတဲ့ကစားပွဲကို

ငါထပ်မကစားချင်ဘူး…

စားပွဲပေါ်မှာကော်ဖီရှိတယ်

မင်းအေးအေးသက်သက်သာသောက်ပြီးပြန်ကွာ…။



မိုးလှိုင်ည

5 comments:

  1. ကဗျာလာဖတ်ပါတယ်။

    ချတိုက်တဲ့ကော်ဖီလေး အေးဆေးသောက်ပြီး ပြန်တော့မယ်ဗျာ။တခြားဘာမှ မပြောတတ်ပါဘူး။
    ကြိုက်တယ်။လေးနက်တယ်။ဒီလောက်ပဲ။

    လေးစားခင်မင်လျက်

    ReplyDelete
  2. ကံကြမ္မာကို စိန်ခေါ်ထားပုံများ...ရဲရင့်လိုက်ပါဘိ..အကိုရေ..
    ကဗျာလေးကို လေးလေးစားစား ဖတ်သွားပါတယ်ဗျာ...။

    ReplyDelete
  3. ဟားဟား မိုက်တယ်ဗျာ . . . ကံကြမ္မာကို ကော်ဖီတိုက် ပြီး ပြန်လွတ်တာဆိုလို့ အကို တစ်ယောက်တည်း ရှိမယ်ထင်တယ်နော်

    ReplyDelete
  4. ကော်ဖီသောက်ပြီး သားရေပွဲ လာကြည့်တယ်။
    ကောင်းလိုက်တာ။ ငါးခေါက်တိတိ ဖတ်သွားတယ်။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...