ရင်ခုန်လွယ်ရင်တော့
ရန်ကုန် ကိုမလာနဲ့…..
ရန်ကုန်ဟာ
မျက်နှာပြင်ခြောက်ဖက်အံစာတုန်းလို
တွက်ချက်လို့မရဘူး
ရန်ကုန်ဟာအရောင်စုံတယ်
မာယာပေါတယ်….
ရင့်ကျက်တယ်…
ဘယ်သူကိုမှအတည်တကျလက်မထပ်သလို
ဘယ်သူ့ကိုအသည်းမခွဲဘူး…
ကိုယ့်ဟာကိုယ်အသည်းငယ်တတ်ရင်
ရန်ကုန်နဲ့မပက်သက်နဲ့
ရန်ကုန်ကတော့ မငဲ့ညှာတတ်ဘူး…
အရင်ကတော့ရန်ကုန်ဟာ
ဆည်းဆာထဲက အပျိုမလိုလှတပတ
အခုတော့
ရန်ကုန်ဟာ လင်ဆိုးမယားတဖားဖား
မုဆိုးတပိုင်းမိန်းမရိုင်းကြီးကိုဖြစ်လို့
ရန်ကုန်ရဲ့ဒဿနက
တုံးတိုက်တိုက်ကျားကိုက်ကိုက်
ရဲရင်မင်းဖြစ် မင်းဖြစ်ရင်မင်းခံ
ရန်ကုန်ဟာ
ဟေရာကလိုက်တပ်စ်မြစ်ကိုလည်း
အကြိမ်ကြိမ်ရေချိုးဆင်းဖြစ်တယ်…
သိုက်ဆရာအလိုအရ
ရန်ကုန်ဟာသိုက်နန်းကျတယ်..
ချမ်းသာချင်တဲ့အရူးတွေရောက်ရောက်လာပေါ့
ရန်ကုန်ဟာ
သူ့လင်သူ့သားတွေကို မလေးရှားပို့ပြစ်တယ်
ရန်ကုန်က ရန်တွေဘယ်လောက်စုံစုံရင်မခုန်ဘူးတဲ့
ဒဏ်တွေဘယ်လောက်ကြုံကြုံမဖြုံခဲ့ဘူး…
ရန်ကုန်ဟာရန်တွေကုန်တဲ့အထိ
ထောင်စုရာစုများကိုဖြတ်သန်းလာခဲ့ပြီ
မိုးလှိုင်ည
(ရန်ကုန်လို့ အသံကြားလိုက်ရင် ကျွန်တော်ဘာမှန်းမသိရင်ခုန်သွားတတ်တဲ့
အလေ့တစ်ခုရှိတယ်... ရန်ကုန်ဆိုလိုက်ရင် စိတ်ပူလာသလို စိုးရိမ်လာသလို
ဂုဏ်ယူမိသလို ကြေကွဲလာသလို ဖြစ်တတ်တယ်... ကျွန်တော်တစ်ယောက်
တည်းအတွက်ကော ကျွန်တော်သူငယ်ချင်း တွေနဲ့ ခေတ်ပြိုင်ဖြတ်သန်းမှု
သမိုင်းအရပါ... ရန်ကုန်ဟာကျွန်တော်တို့ရင်ခုန်သံပါ... ကမ္ဘာပေါ်က တခြား
မြို့ကြီးပြကြီးတွေကို အံ့သြမှုတွေ အားကျမှု မျော်လင့်ချက်တွေ မက်မက်စက်စက်
ကြည့်ချင်ကြည့်မိမယ်.... ဘယ်တော့မှ ရန်ကုန်ဆိုတဲ့ ရသကို မှီအောင် ကျွန်တော့်
ရင်ဘတ်ကိုမလှုပ်ခတ်နိုင်ဘူး... အဲဒါကြောင့်ပဲ ကျွန်တော်လို့ ရန်ကုန်ကိုချစ်နေမယ့်
သူငယ်ချင်းတွေဖတ်ဖို့ ... ရန်ကုန်နဲ့ဝေးနေတဲ့ရန်ကုန်သားတွေအတွက် အခု ရန်ကုန်ကဗျာ
လေးတွေကိုပြန်စုစည်းတင်ဆက်လိုက်ပါတယ်... ရန်ကုန်ကဗျာတွေကို ရေးဖွဲထားခဲ့ကြတယ်
ဆရာအောင်သာငယ်၊ဆရာ မောင်ဖုန်းမြင့်၊ ဆရာဘခေါင် တို့ကို အထူးကျေးဇူးတင်ရှိပါတယ်...
အားမလျှော့နဲ့ ရန်ကုန်... တစ်နေ့တော့ငါတို့ပြန်လာမယ်.... )
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ငါ့ ဆံပင်တွေရှည်နေပြီ … ငါ့ အတွေးစတွေကလည်းရှည်ရှည်လျားလျား စာကိုတော့ ခပ်တိုတိုပဲ ငါရေးတတ်ချင်တော့တယ်… ငါ့ အိမ်မက်တွေရှည်ရှည်လျားလျာ့း ငါ ကေ...
-
နပိုလီယန်မဟုတ်ဘူး ကူဗလိုင်ခန်မဟုတ်ဘူး ဂျူးလိယက်ဆီဇာမဟုတ်ဘူး ဂျော့ဝါရှင်တန်မဟုတ်ဘူး မိုးလှိုင်ညဟုခေါ်ဆိုပါရန်.... ကျန်စစ်သားမဟုတ်ဘူး နရသီဟပတေ့မ...
မျက်နှာပြင်တွေအားလုံး ပြိုးပျက်လက်နေတဲ့ စိန်တတုံးကို ကြည့်လိုက်ရသလိုပါပဲ...
ReplyDeleteစိတ်ကူးရော.
ReplyDeleteခံစားမှုရော..
ရည်ရွယ်ချက်ရော..
ကဗျာတွေရော...
အားလုံးကောင်းပါတယ်..။
ကဗျာကောင်းတွေဖတ်ခွင့်ရတဲ့အတွက် ကျေးဇူး
ရန်ကုန်ကိုချစ်ပါတယ်ဆိုတဲ့ လူတွေထက်
ReplyDeleteရန်ကုန်ဘာဖြစ်ဖြစ်၊ ရန်ကုန်ဘာဖြစ်နေဖြစ်နေ
ရန်ကုန်ကို မစွန့်ခွါခဲ့တဲ့
ရန်ကုန်သားကို လေးစားမိပါတယ်
ရန်ကုန်က ကဗျာဆရာကို လေးစားပါတယ်
ကောင်းလိုက်တဲ့ ဆေးရောင်စုံ့ ရန်ကုန်ပဲဗျာ...
ReplyDeleteဘာတဲ့ ...
သိုက်ဆရာအလိုအရ
ရန်ကုန်ဟာသိုက်နန်းကျတယ်..
.......................
.........................
ရန်ကုန်ဟာ
သူ့လင်သူ့သားတွေကို မလေးရှားပို့ပြစ်တယ်..
မိုးတွေလှိုင်နေတဲ့ ရန်ကုန်
ReplyDeleteရန်ကုန်မိုးပေါ့
ရုတ်ချည်းဆိုရင် သည်းသည်းမည်းမည်း
နှစ်နှစ်ကာကာ
ဝုန်း ...
ဝုန်း ...
ဝုန်း ...
ဒီလိုနဲ့
ဒရောနဲ့ သောပါးမှာ
အဝေးတစ်နေရာကနေ လွမ်းဖို့
ရန်ကုန်ကို လမ်းခွဲတယ် ...
ကိုယ့်အိမ်ကိုယ့်ယာကို မှန်းပြီး လွမ်းရတာလောက်
ဘယ်အရာမှ ဖီလင်မလာတော့ဘူး
ခုလည်း မိုးတွေက လှိုင်နေတုန်းလား ရန်ကုန်???
ကိုဖြိုး
လှိုင်နေတာ အက်ဆစ်မိုး မဖြစ်ဖို့ပဲ မျှော်လင့်နေပါတယ် ...
ငါ စကားသိပ်မပြောတော့ဘူးကွ
မင်းဟာမင်း သိရင်ပြီးရော ...
ကြည့်လုပ်ဟေ့ ...
ဟားဟား ... ဟားဟား ...