Friday, March 27, 2009

ကျွန်တော်နဲ့သူမ


သူမက
western park ကဘဲကင်ကို
အာသီသရှိတဲ့အချိန်
ရပ်ကွက်ထိပ်က ၀က်ဂေါင်းသုပ်တောင်
ကျွန်တော်ဝယ်မကျွေးနိုင်ခဲ့ဘူး...
နင်မဲဖိုးတွေမပေးတာသုံးရက်ရှိပြီ
အသေးစားပြန်ပေးဆွဲမှုတွေ
ငါစိတ်မ၀င်စားဘူး...
နင်တော်တော်အကြင်နာကင်းမဲ့တာပဲ
တစ်ခါလာလည်း ပိုက်ဆံ
တစ်ခါလာလည်း ပိုက်ဆံနဲ့
နင်လည်း ဘာထူးလဲ
ကြမ်းခင်းဈေးဘယ်လောက်လဲပဲမေးနေတာ
ဒီခေတ်ကြီးထဲမှာ
ငါလည်း ဖရီးကစ်တွေဝင်အောင်ကန်မသွင်းတတ်ဘူး
ငါ့ခြေသလုံးကြွက်သားက
ပေါင်သန်းနှစ်ဆယ်တန်တယ်လို့
နင်ကိုကြွားဝါပြီးချစ်ခဲ့တာမဟုတ်ဘူး
ဘယ်အချိန်နှိုးမေးမေး
ငါ့သန်းခေါင်ယံအတွေးတွေထဲမှာ
နင်ရှိတယ်...
နင်ငါ့ကိုမသိတော့တဲ့အချိန်တောင်
ငါ့ရင်ဘတ်ထဲမှာနင်ရှိတယ်...
တူညီတဲ့အချစ်ကို
လွှဲချော်ခဲ့ရတဲ့အိပ်မက်ထဲမှာ
ငါချစ်ခဲ့တယ်...
နင်နဲ့ငါထားခဲ့ရတဲ့
နေ့စွဲတွေများစွာထဲမှာ
ညီမလေးရယ်စာနာတတ်တဲ့
နှလုံးသားကိုယ်စီရန်ဖြစ်လို့နေခဲ့တယ်...

မိုးလှိုင်ည

3 comments:

  1. ဟုတ်ပါတယ်။ သူကဘဲကင်စာချင်တဲ့ အချိန်မှာ ကိုယ်က ၀က်ခေါင်းသုပ်တောင် မစားနိုင်တဲ့ အဖြစ်မျိုးတွေ ကျွန်တော်လည်း ခံစားခဲ့ရဖူးပါတယ်.

    ReplyDelete
  2. လူဆိုတာ ယုတ်လို့ရတယ် မပုပ်ရဘူးတဲ့
    အဟဲ ... ပုပ်ပြီဆိုရင်တော့ သေလို့ပေါ့ကွာ
    ဘဲကင်စားချင်တာများ လွယ်လွယ်လေးမှ လွယ်လွယ်လေးပါ ... ပါးကို ဖြတ် ခပ်စပ်စပ်ကလေး ရိုက်သာထည့်လိုက် ... ဘဲကင်ငတ်တဲ့ ပါးစပ် ရက်စက်သူကြီးရဲ့ဆိုပြီး အသံထွက်လာမယ်။
    ကွယ်ရာမှ ကျိတ်ငိုပေါ့ကွာ ...
    မတတ်သာ ခပ်ခွာခွာနေရတယ် ... ရွှေပေါ်က မြ။

    ReplyDelete
  3. ဘယ်အချိန်နှိုးမေးမေး
    ငါ့သန်းခေါင်ယံအတွေးတွေထဲမှာ
    နင်ရှိတယ်...
    နင်ငါ့ကိုမသိတော့တဲ့အချိန်တောင်
    ငါ့ရင်ဘတ်ထဲမှာနင်ရှိတယ်...
    တူညီတဲ့အချစ်ကို
    လွှဲချော်ခဲ့ရတဲ့အိပ်မက်ထဲမှာ
    ငါချစ်ခဲ့တယ်...

    အစ်ကို ကဗျာလေးလာဖက်သွားတယ်နော် ၊ ဒီအပိုဒ်လေးပိုကြိုက်တယ်၊ ကဗျာတစ်ပုဒ်လုံးလည်းအစကနေအဆုံးအရမ်းမိုက်တာပဲ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...