တနလာင်္နေ့ထဲမှာ
ဘယ်အရာကိုမှပြင်းပြင်းထန်ထန်ရှာမတွေ့ဘူး
မျက်စောင်းမထိုးပါနဲ့တဲ့
တယ်လီဖုန်းလည်းမလာဘူး
Email လည်းတစ်စောင်မှမလာဘူး
ငါတစ်ယောက်တည်းမှောင်နေရတယ်
ကောင်မလေးရယ်
ဘယ်အချိန်ထိများနွေရာသီကို
ငေးစိုက်ကြည့်နေရမှာလည်း
တစ်ယောက်ကတော့ပြောနေရဲ့
ဒီလိုနွေရာသီမျိုးပေါ့
သစ်သီးချိုတွေခူးဆွတ်ခဲ့ဖူးတာ
ငါတို့နှစ်ယောက်ကြား ဘ၀တွေက
တောပြုန်းသွားခဲ့ရတာကြာပြီလေ
ဒီနွေရာသီမှာ
ငါကလည်းဆူးခက်တွေနဲ့
မင်းကလည်းအငွေ့ပျံလွယ်လို့
ဘယ်သူကမှလည်းမပြောဖြစ်ကြဘူး
မနက်ဖြန်မှာလည်း
အပူချိန်ဆက်လက်မြင့်မားမယ်လို့
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သာမန်နေ့လေးတစ်နေ့ပါပဲ ငါမွေးလာတော့ … အဲဒါ ငါ့မွေးနေ့ဖြစ်လာတယ်… တချို့တွေသေဆုံးသွားတော့ အဲဒါဟာ ဈာပနနေ့ဖြစ်လာတယ်… ငါက မွေးနေ့ပွဲလ...
-
အစိုးရကိုယ်၌ ကသောင်းကနင်းနှင့် အဓိပ္ပါယ်မရှိ ဖြစ်နေလျှင်၊ မကူညီဘဲ စိုးမိုးအုပ်ချုပ်နေလျှင်၊ ဦးမဆောင်ဘဲ အမိန့်များသာပေးနေလျှင်၊ဤ...
-
ရန်ကုန်ဟာ ကိတ်မုန့်ပေါ် ဖယောင်းတိုင်စိုက်ထားသလို မိုးမျှော်တိုက် ကျိုးတိုးကျဲတဲနဲ့ သူ့အလှကိုသူ ကပိုကယိုနဲ့ နေလို့ပေါ့ မေးနေကြ မေးခွန်းက ရေမီး...
အုံဇုန်းလွှာပေါက်နေလို့ နေမယ်
ReplyDeleteး)
ကောင်းတယ်ဗျာ။ ကြိုက်တယ်။ အပူချိန်တွေ အမြန်ဆုံးလျော့ကျပါစေဗျာ။
ReplyDeleteစိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ဖြစ်နိုင်ရင် နွေဦးရဲ့ တနင်္လာနေ့မှာ တကယ်ပဲ အငွေ့ပျံပျောက်ကွယ်သွားလိုက်ချင်တယ်.. အပူချိန်တိုးလာမယ့် နွေရက်တွေကို ရင်မဆိုင်ချင်တော့လို့..။
ReplyDeleteကဗျာလေးကောင်းလို့ မျောသွားတယ် ကိုမိုးလှိုင်ရေ :P