Sunday, March 8, 2009
စွမ်းအင်သီဝရီ၊ကော့ပါနီးကပ်တရား၂၁ရာစုဂျင်းစကပ်လေး
ပြာကျသွားတဲ့မီးတောက်ကို
ပြန်ခြေရာကောက်နေရသလို
အတိတ်ဟာတယုတယနာကျင်နေခဲ့ရတယ်..။
စွမ်းအင်သီဝရီ၊ကော့ပါနီးကပ်တရား၂၁ရာစုဂျင်းစကပ်လေး
ကမ္ဘာကြီးလည်တာနဲ့မလုံလောက်လို့
သံသရာပါထပ်လည်ခိုင်းထားရတာ
ဝဋ်ကြွေးတွေကလည်းအထပ်ထပ်လည်တယ်
ဂျင်းစကပ်ဝတ်တဲ့ခပ်လည်လည်ကောင်မလေးရေ
ငါ့အချစ်တွေသာ အဟောသိကံဖြစ်ခဲ့ရပေါ့
အတိတ်ဟာအတိတ်ပဲ
အခုတော့အရိပ်လိုတစ်ကောက်ကောက်
စကြာဝဠာမှာအချိန်တွေဆိတ်သုဉ်းသွားမယ့်
သီအိုရီကို ဘာဖြစ်လို့ဘယ်သူမှရှာမတွေ့သေးတာလည်း
အမှန်တရားက
ပူလောင်လွန်းတယ်လို့ကော့ပါးနီးကပ်တွေးမိနိုင်သလို
ငါကလည်း
အမှန်တရားကိုဘောလုံးတစ်လုံးလို
နံရံနဲ့ပစ်ပစ်ကန်ချင်တယ်
နံရံတွေပြိုကျအောင်လို့
မင်းကလည်းခဏခဏ အသွင်ပြောင်းတယ်
ငါ့ဝါကျကလည်း ခဏခဏအရေခွံ့လဲလို့
ဘာကိုမှမမုန်းပဲနဲ့တော့
ဗုံးသီးက စနစ်တံကို
ပါးစပ်နဲ့ကိုက်မဖြုတ်ဘူး
အခုငါတီထွင်နေတယ်
စင်္ကြ၀ဠာကိုရပ်တန့်ပစ်နိုင်မယ့်
ရီမုဒ်ကွန်ထရို…
အဲဒါဆိုမင်းရောငါရောအမြဲတမ်းအတွက်သရေပွဲပဲ…။
မိုးလှိုင်ည
10 comments:
  1. ဟူး...ကဗျာခေါင်းစဉ်ဖတ်ရတာ မောလိုက်တာ..
    လည်ပတ်နေတဲ့ သံသရာမှာ နဖူးစာရွာလည်ပြီး ခပ်လည်လည်ကောင်မလေးနဲ့ တွေ့ခဲ့တာပေါ့..အဲဒီကောင်မလေးက ဆံပင်အလယ်ခွဲလေးနဲ့ ဖြစ်မယ်ထင်တယ်နော် :P
    ReplyDelete
  2. သဘောကျ နှစ်သက်စွာဖတ်သွားပါသည်။
    ReplyDelete
  3. ကိုမိုးလှိုင်ရေ ဖတ်လို့ကောင်းလိုက်တာဗျာ။
    ကမ္ဘာကြီးလည်တာနဲ့မလုံလောက်လို့
    သံသရာပါထပ်လည်ခိုင်းထားရတာ
    ဂျင်းစကပ်ဝတ်တဲ့ခပ်လည်လည်ကောင်မလေးရေ
    ငါ့အချစ်တွေသာ အဟောသိကံဖြစ်ခဲ့ရပေါ့
    အဲဒီ့ အပိုဒ် အကြိုက်ဆုံးဘဲဗျာ။ ကဗျာကောင်းတွေ စောင့်ဖတ်နေပါတယ်။
    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်
    ReplyDelete
  4. "ဘာကိုမှမမုန်းပဲနဲ့တော့
    ဗုံးသီးက စနစ်တံကို
    ပါးစပ်နဲ့ကိုက်မဖြုတ်ဘူး"
    ဘာကိုမှ မနာကျင်ရဲခဲ့ရင်
    နှလုံးသားက အချစ်ကို
    ရှာဖွေခဲ့မှာ မဟုတ်ဘူး...
    "အတိတ်ဟာ တယုတယနာကျင်နေခဲ့ရပေါ့"
    ကဗျာလေးကောင်းတယ်.. နှစ်ချို့ညရေ.....
    ReplyDelete
  5. ကမ္ဘာကြီးလည်တာနဲ့မလုံလောက်လို့
    သံသရာပါထပ်လည်ခိုင်းထားရတာ
    အဲဒါစာသားလေး အရမ်းနှစ်သက်မိပါတယ်
    နောက်ထပ်လည်း အများကြီး ရေးနိုင်ပါစေဗျာ
    ခင်တဲ့
    ReplyDelete
  6. ဦးမိုးလှိုင်ကတော့
    လုပ်ချလိုက်ပြန်ပြီ။
    မပူနဲ့ မပူနဲ့ ပြန်ရန် ထမင်းလိုက်ကျွေးမယ်။
    ReplyDelete
  7. ကောင်းလိုက်တဲ့ ကဗျာ မိုးလိုင်ညရာ။ ဘယ်လို နှလုံးသားမျိုးနဲ့ ရေးလိုက်တာလည်း။ ကဗျာဆရာရဲ့ ရင်ဘတ်ထဲက တငွေ့ငွေ့လောင်မြိုက်နေတဲ့ နှစ်ချို့ကော်ဖီပူပူ တစ်ခွက်ကို အားရပါးရ မြည်းကြည့်ခွင့် ရလိုက်သလိုပါပဲ။ အားပေးလျှက်ပါ ညီလေးရေ...
    ReplyDelete
  8. တယ်လည်း အကြံကြီးပါလား ။ ကဗျာကောင်းသဗျ ။
    ReplyDelete
  9. ငါကလည်း အမှန်တရားကိုဘောလုံးတစ်လုံးလို နံရံနဲ့ပစ်ပစ်ကန်ချင်တယ် နံရံတွေပြိုကျအောင်လို့
    ကိုမိုးလှိုင်ရေ... အကူအညီလိုရင် ကျနော့်ကိုလဲခေါ်
    နံရံတွေ ဖြိုဖို့လေ
    ကဗျာကောင်းလေး ဗျာ
    ReplyDelete
  10. ကိုမိုးလှိုင်ညက ဘယ်မြို့ကလဲ။ ရန်ကုန်သားပဲလား။ ကဗျာရေးတဲ့သူငယ်ချင်းတစ်ယောက်ရဲ့ ကလောင်နာမည်နဲ့တူနေလို့။
    ReplyDelete
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...