Thursday, March 26, 2009

ငါတို့အားလုံးဟာ ချေ


ချေ ဦးထုပ်ကိုဆောင်းတယ်
ချေဂွေဗားယားတီရှပ်နဲ့
ချေ လိုစီးကရက်ကိုခဲလို့
ချေ လိုပဲ ကဗျာရွတ်တယ်…
ငါတို့လက်ထဲမှာက keyboard

ဒါဟာတော်လှန်ရေးလုပ်နေတာ…

ဆောင်းရာသီနန်းတော်ကိုသိမ်းပိုက်ဖို့
ရေတပ်သဘောင်္ပေါ်က အမြောက်သံ
ငါ့နားထဲ ခုထိတဆတ်ဆတ်ညံတုန်းပဲ

လွတ်လပ်ရေးကြေငြာစာတမ်းကို
ကွန်ဂရက်လွှတ်တော်က အတည်ပြုလိုက်တဲ့အထိ
မြောက်အမေရိကတိုက်မှာ
စစ္သေဘာၤတစ္စီးမွမရွိဘူး….

အဲဒီလိုနဲ့ ကမ္ဘာမှာတော်လှန်ရေးတွေရှိခဲ့တယ်…

`လူဆိုတာတော်လှန်ရေးလုပ်ရတယ်…
ဖိနှိပ်သူတွေကိုတွန်းလှန်တာဟာ တရားမျှတမှုပဲ…´
ဘာတစ္စတာရဲ့ အကျဉ်းထောင်ထဲမှာ
ဖီဒယ်ရဲ့ ရဲရဲတောက်စကား…။

`အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက်´
ရွှေတိဂုံခြေတော်ရင်းမှာ
သခင်အောင်ဆန်းရဲ့ ဂန္တ၀င်စကား
ငါတို့ကြားနာနေဆဲ

ဟနွိုင်းမှာပဲဖြစ်ဖြစ်
ပါရီမှာပဲဖြစ်ဖြစ်
တော်လှန်ရေးသမားဟာ
ဖိနှိပ်မှုတွေကိုတွန်းလှန်နေရမယ်လို့
ဟိုချီမင်းတွေးခဲ့သလို

အခုငါတို့
ငရဲပြည်အထိ အမြန်လမ်းမ
ဖောက်လုပ်ပြီးစီးသွားပြီ
နပိုလီယန်နဲ့
အဆင်းဘီးတပ်ပေးဖို့ပဲကျန်တော့တာ…။

မိုးလှိုင်ည

4 comments:

  1. ကျွန်တော်တို့ အားလုံးဟာ ချေတွေ ဖြစ်ရမှာပါ..
    ချေတွေ ဖြစ်သင့်ပါတယ်...
    ချေတွေ ဖြစ်ကို ဖြစ်ရပါမယ်....
    ခေတ်အဆက်ဆက် ကဗျာရေးတဲ့လက်ဟာ ချေဖြစ်ပါတယ်ခင်ဗျား....

    လေးစားလျှက်

    ReplyDelete
  2. ရဲဘော်ချေ ရူးသွပ်တာချငါး တူနေပြီ
    .....
    အမ ရောပဲ ရဲဘော်ချေ ကို သတိရလို့
    မနေ့ ကပို့စ်အသစ်လေး တင်ထားမိတယ်

    ReplyDelete
  3. Che Guevara?
    အလကား သူပုန်တွေပါကွာ ...
    သုန်မှုန်နေတဲ့ မျက်နှာပေးတွေ
    ခပ်လေးလေးတွေးနေခဲ့ကြတယ်
    Slide တွေ တစ်ချပ်ပြီး တစ်ချပ်
    ပြီးတော့လည်း ချေအသက်ထွက်သွားတယ်
    ကျန်ရစ်သူတွေ ဆက်မက်ကြတဲ့ အိပ်မက်မှာ
    ............................................
    ဘာလိုလိုနဲ့ ၂၁ ရာစုတောင်မှ ဆယ်စုနှစ်နီးပါးရောက်ခဲ့ပေါ့ကွာ ...

    ReplyDelete
  4. ကဗျာလေး မိုက်တယ်ညီရေ့ ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...