Saturday, September 27, 2008

အမှတ်တံဆိပ် တစ်ခုတပ်ပေးပါ

ဟောဒီကောင် လူဖြစ်ကြောင်း သက်သေထူဖို့ ...
အဆင့်အတန်းမြင့် လူတစ်ယောက်ဖြစ်ကြောင်း သက်သေထူဖို့ ...
ဘာတတ်ကြောင်း ညာတတ်ကြောင်း ...
ဘာတွေကို ဘယ်လိုလုပ်ခဲ့ကြောင်း ...
သက်သေတွေထူဖို့ ...
အမှတ်တံဆိပ်တစ်ခု တပ်ပေးပါ ...

ဈေးကောင်းကောင်းနဲ့ ရောင်းဝယ်ဖောက်ကားနိုင်စေဖို့ ...
လူတကာငေးမောအားကျနေစေဖို့ ...
ဒင်္ဂါးသံတစ်ချွင်ချွင်ပေး ခြေအေးဝမ်းရောင်စေဖို့ ...
ထီးဖြူပြီး ဖိနပ်ပါးစေဖို့ ...
သွားစရိတ်လာစရိတ်တွေ ကုန်စေကျစေဖို့ ...
မြင်မြင်ကရာ တွေ့တွေ့ကရာတွေ
သွားရည်တမြားမြားကျသွားစေဖို့ ...
ဟောဒီကောင့်ရင်ဘတ်ကို အမှတ်တံဆိပ်တပ်ပေးပါ ...

လူဖြစ်ကြောင်း သက်သေပြဖို့
ISO နိုင်းဘဲဥဘဲဥ ... လက်မှတ်ပြပေးပါ
Certified to ..... မှာ လက်မှတ်ထိုးပေးပါ
ဘာ Pass ညာ Pass တွေ ထုတ်ပေးပါ
ငါ လူလိုသူလိုနေနိုင်ပါလျှက်ကယ်နဲ့
လူနဲ့သူနဲ့ မတူသလိုဖြစ်ဖြစ်နေလို့ပါလေ

အဲဒီ သောက်သုံးမကျတဲ့ အမှတ်တံဆိပ်တွေကိုပဲ
လူဖြစ်ကြောင်း ထောက်ခံချက်ကလေးဖြစ်ဖြစ် တံဆိပ်တပ်ပေးကြပါတော့
ဟောဒီဘ၀ကို ဟောဒီကောင်က
စာရွက်စာတမ်း မပြနိုင်လွန်းလို့ပါလေ။


ကိုဖြိုး

1 comment:

  1. ရက်ရက်စက်စက်ကြိုက်ပါတယ်။
    ဒါပေမဲ့တခါတလေ လူဖြစ်တာရှက်စရာကောင်းတယ်ထင်ပါတယ်။
    ကျမရဲ့ လူဖြစ်သွားတော့ကို အချိန်ရရင်လာဖတ်စေချင်ပါတယ်။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...