Tuesday, September 16, 2008

မိုးနှောင်းပေါ်က စကားလုံးများ

ကျွန်တော်က တိမ်ကလေးပေါ့
ချစ်သူက မုတ်သုံလေကလေး ဖြစ်တယ်
ကျွန်တော့်မှာ လွင့်လိုက်ရတာ
ဒါဟာ အချစ်နဲ့ ကျွန်တော့်ရဲ့ ရာသီဥတုပေါ့

ကျွန်တော်က လူဆိုရင်
ချစ်သူက ကျွန်တော့်ဘ၀ကလေးပေါ့
ကျွန်တော်တို့နှစ်ယောက်က လူ့ဘ၀ဖြစ်တယ်

ကျွန်တော်က လမ်းပေါ်မှာ လွင့်လွင့်သွားတဲ့
ရွက်ကြွေကလေးလည်း ဖြစ်တယ်
ချစ်သူက အဲဒီရွက်ကြွေကလေးကိုမှ ဖြတ်နင်းသွားတယ်
ပြီးတော့လည်း ရယ်လိုက်မောလိုက်ပါပဲ
ကျွန်တော့်မှာသာ ခါးကျိုးပြီး ကျန်ရစ်ခဲ့ရ

ဘ၀ဆိုတာကို ရယ်စရာမောစရာလို့
သဘောထားခဲ့ပြီးကတည်းက ကျွန်တော့်မှာ
ရယ်ရတာထက် မောရတာက ပိုပိုများများနေပေါ့
ဒီတစ်ခါလည်း ထပ်မံရှူံးနိမ့်ပြန်ပေါ့
ထားလိုက်ပါဦးကွယ်
နားနားနေနေနေဖို့တောင် အချိန်တွေက မလုံမငနဲ့
ကျွန်တော့်ကိုယ် ကျွန်တော်ပြန်ထနိုင်ဖို့
ကျွန်တော့်တောင်ဝှေးလေး ကျွန်တော်ပြန်ဖြစ်ရဦးမယ်

အဲဒီ မိုးနှောင်းရာသီရဲ့ တစ်နေ့မှာ
ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ရှာလို့ မတွေ့တော့ဘူး
ကျွန်တော့်ကိုယ် ကျွန်တော် ကျပျောက်သွားခဲ့
ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ ကျွန်တော်တို့
အတူတကွ နေထိုင်နေကြရင်း
ချစ်သူကို တမ်းတလွမ်းဆွတ်နေမိပေါ့
လောကမှာ ဟန်လုပ်ပြီး ပြုံးပြနေရတာတွေက များလွန်းတော့
ပါးအညောင်းဖြေစက်ကလေးတစ်လုံး လိုမယ်

ဘာတစ်ခုမှ မသေချာတဲ့ဘ၀မှာ
ကိုယ့်သေနေ့ကို ကိုယ်ပြန်ရေးချလိုက်ရတာလောက်
သေချာနေတာ မရှိတော့ဘူး
အား … တယ်လည်း အရသာရှိသကိုးကွယ်
သူငယ်ချင်း …
“ငါ … ဒီနေ့ကို ရွေးချလိုက်တယ်”
အားရပါးရ … ။

ကိုဖြိုး

1 comment:

  1. ကဗျာသည် ကဗျာ အဖြစ်နဲ့ပဲ ဖတ်လို့ ကောင်းပါတယ်၊ ကဗျာ အတိုင်း လိုက်ခံစားမိရင်တော့ အရူးပဲ ဖြစ်လိမ့်မယ်၊

    ကိုမိုးလှိုင်ညရေ တောင်းပန်ပါတယ်၊ ခံစားချက်တွေကြောင့် လာပေါက်ကွဲမိတာပါ၊ အစအစအရာရာအတွက် ခွင့်လွတ်ပါ၊

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...