Tuesday, September 2, 2008

မိုးလှိုင်ညနဲ့ရန်ဖြစ်ခြင်း

သရော်တော်တော်

နောက်တောက်တောက်နဲ့

ခင်ဗျားအတည်ပေါက်တွေ

လျှောက်လုပ်နေတယ်

လူဘ၀ဆိုတာ

တရားရှာရင်တရားရမယ်

မယားရှာရင်မယားရမယ်

အဲဒီလောက်ပါပဲ

သိပ်လည်းတွေးခေါ်ချင်စရာမကောင်းပါဘူး

ကံကြမ္မာကို

အိပ်ကပ်ထဲအထပ်လိုက်ထည့်ဖြုန်း

အချိန်ကာလကိုမုန်းတယ်ဆိုလည်း

သံသရာဘီလ်စာရင်းကို

အကြွေးဝယ်ကဒ်နဲ့ရှင်းလိုက်ယုံပဲ…

မတတ်နိုင်တွေကိုအချိန်ကုန်ခံသယ်မလာနဲ့

အနုပညာလို့ပြောလည်း

ဆာနေတဲ့ဝမ်းဗိုက်တွေက

စွပ်ပြုတ်တစ်ခွက်လောက်မရနိုင်ဘူးလားတဲ့

ကိုယ့်ကိုယ်ကို သစ္စာရှင်ကြီးလို့

အမွှန်းတင်လည်း…

ခင်းဗျားဦးခေါင်းက နံရံမှာကျွှဲချိုလို

ချိတ်လို့မကောင်းဘူး…။

မိုးလှိုင်ည

1 comment:

  1. သောက်သုံးမှ မကျတာ ...
    လူ့ဘ၀ကိုက ခုမှ နောင်တရနေလည်း အပိုပဲ ...
    တစ်ကိုယ်တည်း မနေတတ်ရင်တော့ အဖော်လေး ဘာလေးရှာတာပေါ့ ...
    မျှော်နေတဲ့သူရှိတယ်ဆိုလို့ လာတဲ့သူက ရှိတာပေါ့ ...
    လိုချင်တာရဖို့ထပ် မလိုချင်တာ မရဖို့အတွက်ကိုပဲ မလိုအပ်ဘဲ ကျိတ်ကျိတ်ပြုံးပြရလွန်းလို့ ပါးတွေ အံတွေလည်း ညောင်းလှပြီ ...
    အဲဒီ မိုးလှိုင်ညဆိုတဲ့ကောင်က ခုထိ မေတ္တာတရားကြီးမားနေတုန်းလေ ...
    ကိုဖြိုး

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...