Sunday, September 14, 2008

အသည်းမကွဲအောင်ဂရုတစိုက်နေထိုင်ခြင်း

ဒီနေ့

သာကေတကျောက်တိုင်က

ရွှေပုဇွန်ကဖေးမှာငါထိုင်နေတယ်

ကော်ဖီက

ကက်ပူချီနိုတဲ့

ငါ့လျှာနဲ့အရသာမတွေ့တဲ့ကိတ်တွေနဲ့


အချောအလှကောင်မလေးတွေ

ငါ့ရှေ့ကဖြတ်လျှောက်သွားကြတယ်

ငါဘယ်တစ်ယောက်ကိုမှမငေးဘူး…ဖေဖော်ဝါရီ


လွန်ခဲ့တဲ့ကာလတစ်ခုမှာ

ငါရဲ့အလုပ်သွားနေကျ

စတီးထမင်းချိုင့်လေးကိုရောင်းပြီး

မင်းနဲ့ငါ လက်ရွေးစင်ကဖေးမှာ

ကော်ဖီအတူသောက်ကြတာကို

သွားအမှတ်ရမိတယ်…


ငါနှလုံးသားတစ်ဝက်ဟာ

ပျော်ရွှင်မှုနဲ့ပြည့်လျှမ်းနေပြီး

ငါ့ရင်ဘတ်တစ်ခြမ်းက

တစစ်စစ်နာကျင်ကိုက်ခဲနေခဲ့


ငါတိုရဲ့ရှေ့ရေးဟာ

ရင်လေးစရာချည်းပါကွာလို့

မင်းဘယ်တော့မှမတွေးဘူး

မင်းဆီမှာဘယ်ကွေ့ရောက်ရောက်

လှော်စရာတက်ရှိတယ်လေ


ထိရှလွယ်တဲ့ငါကသာ

လောကဓံလှိုင်းတံပိုးအောက်

ချစ်ခြင်းနဲ့ မျော်လင့်ချက်တွေ

ပျောက်ရှခဲ့ရဖူးတယ်…


အခုတော့

ငါ့လက်ထဲမှာ

ဆရာကျော်ဝင်းရဲ့

ထွိုင်ယာလက်တစ်အယူအဆ

ကဗျာဆရာနေမျိုးရဲ့

လူဖြစ်ရတာကောင်းတယ်..ဆိုတဲ့

စာနှစ်အုပ်နဲ့

ခံစားချက်တွေကိုအလောင်းအစားမလုပ်တော့ဘူး


မင်းနဲ့ဝေးသွားတဲ့နောက်

ကာလတရားအပေါ်မှာ

အနှစ်သာရအပြည့် အဓိပါယ်မဲ့နေထိုင်လို့

အသည်းမကွဲအောင်နေထိုင်ခြင်းအတတ်

ငါချစ်ခြင်းတရားနဲ့ မပက်သက်တော့ပါ…။


မိုးလှိုင်ည

4 comments:

  1. ကာလတရားအပေါ်မှာ အနှစ်သာရအပြည့် အဓိပ္ပါယ်မဲ့နေထိုင်လို့…

    အဲဒီကဗျာစာသားလေးက တွေးကြည့်ရင် အဓိပ္ပါယ်တွေ အများကြီးပဲနော် … ကဗျာဆရာတစ်ယောက်ရဲ့ ထိရှလွယ်တဲ့ နှလုံးသားထဲကနေ ဖေဖော်ဝါရီကဗျာတွေ ဘယ်လောက်ထိ ထွက်ကျလာဦးမှာလဲ …
    အသည်းမကွဲအောင်နေဖို့က ချစ်ခြင်းနဲ့ မပတ်သက်မှ ဖြစ်မယ်ဆိုရင်တော့ ခက်သားပဲ ကိုမိုးလှိုင်ရယ် … ။

    ReplyDelete
  2. ကဗျာတွေဖတ်ရင် လွမ်းဆွေးလာသလိုပဲ ။ စာသားလေးတွေကို သဘောကျမိတယ် :)

    ReplyDelete
  3. ဖျားနာနေခြင်း

    စက်တင်ဘာဟာ စက်တင်ဘာပါပဲ
    အရင်နှစ်တွေတုန်းကအတိုင်းပဲ
    မိုးတွေက မတော်တဆလိုလိုနဲ့ ရွာချ
    ငါ့မှာ မျက်ရည်တွေ ဖြိုင်ဖြိုင်ကျလိုက်ရတာ

    ပြီးတော့လည်း
    အိပ်မောကျ ...
    ချစ်သောသူကို လွမ်းရတဲ့ညက
    တစ်ညလုံးလုံး စက်တင်ဘာအကြောင်းတွေကို စဉ်းစား
    အရင်နှစ်တွေတုန်းကတည်းက ဖျားနာနေခဲ့တဲ့
    နှလုံးသားတွေကို
    ဘယ်သူတွေ စာနာနေကြပြီလဲ။

    ကိုဖြိုး

    ReplyDelete
  4. ဒီကဗျာလေး ကို ဖတ်ရတာ ဆွေးဆွေးမြေ့မြေ့နဲ့ စကားလုံးလေးတွေကိုလည်းကြိုက်တယ်။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...