Monday, September 8, 2008

အ၀ါရောင်အိပ်မက်

မက်မက်စက်စက်အလွမ်းတွေနဲ့
မြစ်ကျဉ်းတစ်ခုထဲကငါ့ညနေ
ကမ္ဘာမြေကိုနှုတ်ဆက်ဖို့တေးစာသားတွေကို
ငါအလွတ်မရသေးပါ….
ဗေဒါရောင်ဆည်းဆာထဲမှာ
ငါ့အင်္ဂလိပ်စာဆရာမလေး…
သူ့မျက်မှန်လေးအောက်က
လျော့နေတဲ့ကျောင်းသားဆိုးလေးတစ်ယောက်ကို
သတိထားမိမှာလား…
လက်ဘက်ရည်ဆိုင်ခုံပုလေးကနေ
လမ်းမကိုငေးငေးနေတတ်တဲ့
ခပ်ဆိုးဆိုးကောင်လေးရဲ့
အ၀ါရောင်အိပ်မက်ဟာ
အင်္ဂလိပ်စာဆရာမလေး
ဖြစ်နေလိမ့်မယ်လို့…
ဘယ်သူမှမသိလိုက်မိခင်…
ကောင်ဆိုးလေးက
အ၀ါရောင်မြစ်တစ်စင်းကို
ကျောပိုးထွက်ခွာသွားခဲ့ပြီ…..။



မိုးလှိုင်ည

2 comments:

  1. ကဗျာလေးကောင်းတယ်။
    အင်္ဂလိပ်စာ ဆရာမလေးလား အစ်ကိုရ :)

    ReplyDelete
  2. ကဗျာလေးကောင်းတယ်။
    အင်္ဂလိပ်စာ ဆရာမလေးလား အစ်ကိုရ :)

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...