Sunday, September 28, 2008

အမည်မဲ့

အရူးနှစ်ခါဖြစ်ရတယ်

ချစ်မိတာရယ်...ဖွင့်ပြောမိတာရယ်

ဘယ်သူပြောသွားတာလည်းမမှတ်မိတော့ပါ…


အခုတော့ငါက

အရူးလေးခါ…

နှစ်ခါချစ်မိလို့နှစ်ခေါက်ဖွင့်ပြောမိတယ်


ကိုယ့်ရင်ဘတ်ကိုပဲကျိန်ဆဲရမှာ

အခါခါပျိုးခဲ့သမျှချစ်ခြင်းက

ဘယ်အခါမှသီးပွင့်မလာဘူး…


ငါဟာမင်းမပါရင်

အဲဒီလမ်းကိုငေးယုံပဲတတ်နိုင်ခဲ့

ချွှင်းဂန်းဝါးရင်းငါစောင့်ဆိုင်းခဲ့

ဘတ်စ်ကားမှတ်တိုင်လေး

စည်ပင်နယ်နိမိတ်ထဲကနေ

ဖျက်သိမ်းခံလိုက်ရ…


အရူးတစ်ယောက်ရဲ့

နှလုံးသားနယ်နိမိတ်မှာ

ချစ်ခြင်းကိုဘယ်တော့မဖျက်သိမ်းဘူး


ကောင်မလေးရေ

ကောင်မလေး…ရေ

နောက်ထပ်လာမယ့် ဒဏ်ရာတွေအတွက်တော့

ငါ့ရင်ဘတ်မှာ

နာကျင်မှုလက်ကျန်မရှိတော့ပါ…။


မိုးလှိုင်ည


(ဘာခေါင်းစဉ်တပ်ရမယ်မှန်းမသိလို့

ဆရာသစ္စာနီရဲ့ အမည်မဲ့ ကဗျာတွေလို

အမည်မဲ့လို့ပဲ ခေါင်းစဉ်ပေးလိုက်မိတယ်)

4 comments:

  1. ဦးလေး ဒီကဗျာလည်း ကြိုက်တယ်ဗျာ အမည်မဲ့ ဆိုပေမဲ့ ရင်ထဲမှာ အမည်ပေးလိုက်မယ်နော်..

    ReplyDelete
  2. ဒီကဗျာလေးလည်း ကြိုက်တယ်ဗျာ။

    ReplyDelete
  3. ဒါလေးကလည်း ရိုးရိုးလေးနဲ့ ဆွဲဆောင်သွားတယ်။ မိုက်တယ်။ မလိမ်မာဘူး။

    :)

    ReplyDelete
  4. အေးဗျာ ... ကျွန်တော်လည်း မှားမိတော့မလို့ ...စိတ်ထဲလည်း အရမ်းမှားချင်ခဲ့တယ် ... ဒါပေမဲ့ .. မှားခွင့်မသာခဲ့ဘူးလေ

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...