Wednesday, September 24, 2008

ကဗျာဆရာ၏ ရင်ကွဲခန်း

ကဗျာဆရာပေါ့
စကားလုံးတွေနဲ့အတူတူ
ဟောဒီလောကကို ရင်ကွဲနာကျနေလိုက်တာ
အရာအားလုံးထက်ပိုတဲ့ အရာတစ်ခုကို
သူတွေ့ရှိသွားခဲ့မိလို့တဲ့လေ
သိပ်ချစ်ဖို့ ကောင်းတာပဲလို့တောင်မှ
မရေရွတ်ရဲ မငြီးတွားရဲ
သိပ်သည်းစွာ သိမ်ငယ်နေမိပြန်ပေါ့

အရာအားလုံးထက်ပိုတဲ့ အရာတစ်ခု
အရာတစ်ခု .. ရင်ဘတ်အက်ကြောင်းအတုတွေနဲ့အတူ
မြင်မြင်ရာကို ပြုစုခဲ့တယ်
အခုတော့လည်း ခရာတာတာ ညုတုတုရယ်နဲ့
လူ့ဘ၀ကို အက္ခရာတွေသုံးပြီး တည်ဆောက်မိလိုက်တော့
ဗြုန်းဆို ပြုတ်ကျသွားခဲ့တာတွေက
ရင်ခုန်သံ အသံခုနှစ်ထပ်
ပြီးတော့လည်း မတ်နေအောင်ထရပ်
လဲကျခါနီးလက်က ထရပ်ခါနီးခြေထောက်ကို ဆွဲချတယ်
ငါ့မှာက တစ်ဝက်တစ်ပျက်တွေချည်းပါပဲ
အားလုံးကလည်း မပြီးဆုံးသေးပေါ့

ဘ၀ထဲမှာ
ငိုချင်းရှည်တွေချည်း ချပြရလွန်းတော့လည်း
မျက်လုံးတွေတောင် မို့အစ်လို့နေကြတယ်
ပြီးတော့လည်း ပြီးတာပါပဲကွယ်လို့
ပါးစပ်ကထုတ်ကာပြော
ရင်ထဲမှာ မောလိုက်တာကွယ်။

ကိုဖြိုး

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...