Thursday, November 22, 2007

ထွက်ပေါက်

"သက်သေပြချက်တွေထုတ်ထုတ်မပြပါနဲ့
ဘ၀ဆိုတာ
ဂျီသြမေထရီ ပုစ္ဆာတစ်ပုဒ်မှမဟုတ်တာ။"
မင်းခိုက်စိုးစန်

“ထွက်ပေါက်ဆိုပြီးပြေးမိမှ
ဟိုဘက်ကကမ္ဘာမှာ
အ၀င်တံခါးဖြစ်နေခဲ့တယ်…”
ပန်ဒိုရာ


ထွက်ပေါက်ကနေ ထပ်ထွက်ပြေးရင် ဘယ်ကိုရောက်မယ် ထင်လဲ

ထွက်ပေါက် က အစတည်းကမရှိဘူး
နံရံတွေတည်ဆောက်မိလို့သာ
ထွက်ပေါက်ကို လိုအပ်လာတာပါ....။

တကယ်တော့ နံရံတွေပဲရှိတယ်
ကိုယ်တိုင်ဆောက်တဲ့နံရံ

ကိုယ်တိုင်ဆောက်တဲ့ နန်းတော်က
ကိုယ့်ပြန် အကျဉ်းချနေတယ်…

အနုပညာဟာ ထွက်ပေါက်တစ်ခုပါ..
စကြာဝဠာသစ်ရဲ့အ၀င်တံခါးလည်းဖြစ်နေနိုင်တာပေါ့…

မိုးလှိုင်ည

အပြာရောင်စာသားများသည် မပန်ဒိုရာ၏ စာသားများဖြစ်သည်...။

2 comments:

  1. မှတ်သားထားတာ ကျေးဇူး မိုးလှိုင်ည..
    နံရံတွေကို ဖြိုချရမှာလား... လျစ်လျူရှုရမှာလား..
    မိတ်ဆွေဖွဲ့ အကျွမ်းဝင်လိုက်ရမှာလား ..
    စဉ်းစားဆဲ..

    ReplyDelete
  2. ဒီကဗျာလေးကြိုက်တယ်ဗျာ။ မပန်ရဲ့ အဲဒီ့ကဗျာကော ခင်ဗျား ကဗျာကောကောင်းတယ်။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...