Sunday, November 18, 2007

ကျွန်တော်ချစ်တဲ့လောကဓံဆိုး နဲ့စီးချင်းထိုးခြင်း

တစ်ခုခုကို မျော်လင့်နေတယ်ပြောရင်
မင်းကငါ့လည်ကိုဖြတ်မယ်…
ဘာကိုမှ မမျော်လင့်ဘူးဆိုရင်…
ငါရှုးနေပြီဆိုပြီးမင်းက ဟားတိုက်မယ်..
မင်းမာယာတွေလောက်တော့
ဟောဒီကဗျာဆရာက သနားတယ်
စီချင်းထိုး ပွဲတိုင်း မင်းငါရှေ့မှာ
လက်နှက်ချခဲ့ရတာ ၂၆ခါ
မင်းငါ့ကို အရှုံးပေးခဲ့ရတာ ၂၆နှစ်
မင်းကိုမင်း လောကဓံစစ်သည်လို့
နာမည်မခံနဲ့တော့
ငါကတော့ အရှုးတစ်ပိုင်းသူတော်စင်
ဒဏ်ရာကိုမှ အနုပညာနဲ့စင်ကြယ်စေနိုင်တယ်
ကမ္ဘာတစ်ခုလုံးကို ချင်ခြင်းတပ်ခဲ့တယ်
ကမ္ဘာတစ်ခုလုံးကိုပဲ စွန့်ပစ်ရဲခဲ့တယ်…
မင်းအကြမ်းဖက်ဗျူဟာနဲ့
ငါ့အပေါ်အနိုင်ယူလို့မရဘူး…
ငါ့လောကဓံဆိုးလေးရယ်…
ငါ့ကဗျာစားသားလေးကို
ကော်ဖီတစ်ခွက်လိုသောက်ပြီး
အေးအေးသက်သက်သာပြန်သွားတော့
ငါမင်းကို မေ့ပြစ်လိုက်ပြီ
မနက်ဖြန်အတွက်ငါကဗျာစပ်ရဦးမယ်…။

မိုးလှိုင်ည

3 comments:

  1. နက်ဖြန်အတွက်စပ်မဲ့
    ကဗျာတွေမှာ
    အသက်ပါနေတယ်ဆိုတာ
    ကျွန်မယုံတယ်ရှင်

    ReplyDelete
  2. မိုက်တယ်
    လောကဓံဆိုးလေးလောက်တော့ ကဗျာဆရာက ပျင်းတောင် ပျင်းသေးသတဲ့.. ဟုတ်လား

    ReplyDelete
  3. လောကဓံနဲ့ ကဗျာဆရာ စီးချင်းထိုးတာ
    လောကဓံက ဘာမို့လို့လဲ..
    နောက်ဆုံးတော့
    ကဗျာဆရာရဲ့ စကားလုံး လှလှအောက်မှာ
    ပြားပြားဝပ်လို့ပေါ့...

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...