တစ်ကမ္ဘာလုံး လုံခြုံရေးတွေ
အုံးအုံးကျွတ်ကျွတ်နဲ့
အကြမ်းဖက်သမားကိုလိုက်ရှာနေကြတယ်
ငါလည်းအပြေးအလွှားစဉ်းစားတာပေါ့
အကြမ်းဖက်သမားဆိုတာ … ဘယ်သူလဲ
အဲဒီအချိန်မှာပဲ
ငါ့အိတ်ကပ်ထဲက ငွေကြေးက
ငါ့ကိုပြန်ပေးဆွဲတယ်…
ငါပတ်ထားတဲ့နာရီက ငါ့ကို
အကျဉ်းချတယ်….
ငါလွယ်ထားတဲ့အိတ်က ငါ့ကို
ပြန်ထည့်သယ်သွားတယ်…
ငါစီးထားတဲ့ဖိနပ်က
ငါ့ခရီးတွေကိုသတ်ပစ်တယ်…
အဲဒီလိုနဲ့
ငါသေသွားပြီဆိုပါစို့
ငါ့နာမည်တစ်လုံးနဲ့ အုတ်ဂူဟာ
သုဘရာဇာတွေအရက်သောက်ဖို့
အကြမ်းဖက်ခံရတုန်းပဲ…
ငါယုံလို့ ရေးခဲ့တာကော
ငါကြုံလို့ရေးခဲ့တာကော
ဟောဒီ ကလောင်တစ်ချောင်း
ငါ့စာတွေဖတ်မိတဲ့ လူတွေကို
ချောင်းမြောင်းလုပ်ကြံဖို့ကြိုစားဦးမှာ
ငါ့ မှငါတွေထပ်ပြီး…
ငါကိုယ်ငါကော အခြားအရာတွေကို
အကြမ်းဖက်ခဲ့တယ်
ငါ…ဆိုတာ အကြမ်းဖက်သမားပဲ….။
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ငါ့ ဆံပင်တွေရှည်နေပြီ … ငါ့ အတွေးစတွေကလည်းရှည်ရှည်လျားလျား စာကိုတော့ ခပ်တိုတိုပဲ ငါရေးတတ်ချင်တော့တယ်… ငါ့ အိမ်မက်တွေရှည်ရှည်လျားလျာ့း ငါ ကေ...
-
နပိုလီယန်မဟုတ်ဘူး ကူဗလိုင်ခန်မဟုတ်ဘူး ဂျူးလိယက်ဆီဇာမဟုတ်ဘူး ဂျော့ဝါရှင်တန်မဟုတ်ဘူး မိုးလှိုင်ညဟုခေါ်ဆိုပါရန်.... ကျန်စစ်သားမဟုတ်ဘူး နရသီဟပတေ့မ...
ဒုက္ခပါပဲနော်... သူ့စာဖတ်မိတဲ့သူတွေကို ကလောင်တစ်ချောင်းက ချောင်းမြောင်းလုပ်ကြံဦးမယ် ဆိုပါလား... ဒါဆို ဒို့လဲပါသွားပြီပေါ့...ပုန်းဖို့နေရာ ရှာလိုက်ဦးမယ် အကြမ်းဖက်သမား ကဗျာဆရာကြီးရေ...
ReplyDeleteမိုးလိုင်ညဆိုတဲ့ ကဗျာဆရာလေးရေ...
ReplyDeleteစီဗောက်မရှိလို့ ဒီမှာပဲ ရေးခဲ့ပါတယ်။ ကဗျာအားလုံးနီးပါးကိုဖတ်သွားပါတယ်။ မိုးလိုင်ညဆိုတဲ့ နာမည်လေးကလှပသလို...စကားလုံးလေးတွေကလည်းလှပါတယ်။
ကိုယ်ကိုတိုင်က ကဗျာဆရာမဟုတ်ပေမဲ့ ကဗျာဆရာအားလုံးကိုချစ်သူတစ်ယောက်ပါ။ ပြီးတော့ ကဗျာဆရာအားလုံးဟာ ကိုယ့်ရဲ့ သူရဲကောင်းတွေပေါ့.. ကဗျာလေးတွေလှသလို ကိုယ့်ညီရဲ့ဘ၀လည်းလှပပါစေ..။
ခင်မင်စွာဖြင့်..
ကဗျာကောင်းသဗျ :)
ReplyDeleteဒီလိုကဗျာမျိုးတွေ ရေးတတ်ချင်လိုက်တာကွာ ...
ReplyDeleteCheer ... ပါ မိုးလှိုင်ညရေ ...
ငါ့အိတ်ကပ်ထဲက ငွေကြေးက
ReplyDeleteငါ့ကိုပြန်ပေးဆွဲတယ်…
ငါပတ်ထားတဲ့နာရီက ငါ့ကို
အကျဉ်းချတယ်….
ငါလွယ်ထားတဲ့အိတ်က ငါ့ကို
ပြန်ထည့်သယ်သွားတယ်…
ငါစီးထားတဲ့ဖိနပ်က
ငါ့ခရီးတွေကိုသတ်ပစ်တယ်
အဲဒီ့ အဖွဲ့ အနွဲ့ က ရင်ထဲကိုလာမှန်တယ်ဗျာ။