လူတို့သည်ဘုန်းတန်ခိုးကြီး၏
အမျက်ဒေါသကြီး၏
အလိုရမ္မက်ကြီး၏
လက်လေးဖက်၊ ခြေလေးဖက်၊
ဦးခေါင်းနှစ်လုံး၊လိင်အင်္ဂါနှစ်ခုနှင့်
ထိုသူတို့သည်…
နတ်ပြည်သို့တိုက်ခိုက်ရန်ကြံစည်နေဘိ
ထိုသူတို့အားနတ်လက်နှက်နှင့်
တိုက်ခိုက်ချေမှုန်းပစ်လိုက်ပါက
နတ်တို့အားကိုးကွယ်သူမဲ့ချေအံ့
ထိုကြောင့်လူတို့အား
လက်နှစ်ဖက်၊ခြေနှစ်ဖက်၊
ဦးခေါင်းတစ်လုံးထက်ခြမ်းဝက်၍
သူ၊သူမခွဲခြမ်းစေဟု
ဇုနတ်မင်းကြီးကဆုံးဖြတ်ခဲ့သည်။
(ဂရိဒဏ္ဍာရီ)
လူတို့သည်မိမိ၏ပျောက်နေသောအခြမ်း
ကိုရှာဖွေရင်း….
သူဟူသော ကျွန်တော်သည် သူမကိုရှာရင်း..
ဘုရားသခင်သည်
လူယောကျာင်္းသည်တစ်ဦးတည်းမနေကောင်း
သူ၏အထောက်အမကိုဖန်ဆင်းဦးမည်ဟု
အကြံရှိတော်မူလေသည်
ထိုကြောင့်လူကိုကြီးစွာသောအိပ်ခြင်းဖြင့်
အိပ်စက်စေ၍
နံရိုးတစ်ချောင်းအားထုတ်ယူပြီးလျှင်
အသားတို့စေ့စပ်၍လူမိန်းမအားဖြစ်ပေါ်စေသည်…
ထိုနေ့သည်ဆဌမမြောက်နေ့ဖြစ်သည်။
(ကမ္ဘာဦးကျမ်း)
မိမိ၏နံရိုးတစ်ချောင်းကို
မည်သို့သောအရပ်မှာရှာဖွေရမှန်းမသိခဲ့
သူမ ပျော်ရွှင်သောနေ့ရက်တို
အစဉ်အမြဲရရှိနိုင်ပါ့မလား…
မိမိနံရိုးအတွက်
ရင်မှနာကျင်ခြင်းတို့သည်ပိုမိုမြည်ဟီးနိုင်ခဲ့ပေသည်။
ချစ်သား
ဤသူငယ်မအတွက်ကျသော
သင်၏မျက်ရည်မြစ်အသွယ်သွယ်သည်
သမုဒ္ဒရာလေးစင်းထက်ပိုမိုများပြားခဲ့ပြီ
သံသရာအဖန်ဖန်ကျင်လည်ခြင်း၌
နာကျင်မှောင်မိုက်ခြင်းအတိကိလေသာအပေါ်
သင်သည်စွဲလန်းလောင်မြိုက်ဆဲလား….
မဖြစ်ခြင်းတရားဆီသို့
ကျွန်တော့်သူမနှင့်အတူသွားခွင့်ရချင်မိသည်…
သူမကိုကျွန်တော်ချစ်သည်…
ထိုသို့သော ကိလေသာအားဖြစ်စေသော
ထိုသူမကိုပဲကြောက်ခြင်းတရားနှင့်မြတ်နိုးမိဆဲ….။
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ဗမာ့သမိုင်း မတင်နိုင်ခင်ကတည်းက ရွှေတိဂုံဘုရားကြီး မားမားရပ်ခဲ့တဲ့မြို့ ရှင်မွေးနွန်းနဲ့ မင်းနန္ဒာ ဒဏ္ဍာရီလာ ဥက္ကလာပတိုင်းနဲ့ ငမိုးရိပ်ချောင...
-
နပိုလီယန်မဟုတ်ဘူး ကူဗလိုင်ခန်မဟုတ်ဘူး ဂျူးလိယက်ဆီဇာမဟုတ်ဘူး ဂျော့ဝါရှင်တန်မဟုတ်ဘူး မိုးလှိုင်ညဟုခေါ်ဆိုပါရန်.... ကျန်စစ်သားမဟုတ်ဘူး နရသီဟပတေ့မ...
-
ငါ့ ဆံပင်တွေရှည်နေပြီ … ငါ့ အတွေးစတွေကလည်းရှည်ရှည်လျားလျား စာကိုတော့ ခပ်တိုတိုပဲ ငါရေးတတ်ချင်တော့တယ်… ငါ့ အိမ်မက်တွေရှည်ရှည်လျားလျာ့း ငါ ကေ...
မိုက်တယ် မိုးလှိုင်ရာ..
ReplyDeleteတစ်ခါတစ်ခါ ကိုယ့်ဆီက ထုတ်လိုက်တဲ့ နံရိုးက ကိုယ့်ကိုယ် ပြန်ပြန်ဆူးစေတယ်။
အခြမ်းမှန်ရင်တော့ ဘယ်လောက်ဝေးဝေး ဆုံကြမှာပါလေ.. အခြမ်းမှားခဲ့ရင်တော့ ဘယ်လောက်နီးနီး ခွဲကြရတာပဲ...
မိုးလှိုင်အခြမ်းနဲ့ မြန်မြန်တွေ့ပြီး ကြောက်ခြင်းတရားကင်းလို့ ချစ်ခြင်းတရားများနဲ့ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
တကယ်ကောင်းတယ်ဗျာ .. ။
ReplyDeleteအဆင်ပြေပါစေဗျာ..။
အဲဒါကို မြင်တဲ့ side of view က ကောင်းလှချည်လား.။
ReplyDeleteသဘောကျတယ်ဗျာ။
ခုမှပဲ သိတော့တယ်... ကိုမိုးလှိုင်ညက သျှီ ကို ကြောက်တာကိုး...ဟုတ်တယ်လေ...သူမဆိုတာ she ပဲပေါ့...နောက်တာနော်...ကြားဖူးတဲ့ စကားလုံးတွေနဲ့ ဆန်းသစ်အောင် ရေးသွားနိုင်လို့ ချီးကျူးပါတယ် ကိုမိုးလှိုင်...tag တာတွေကို ကဗျာလေးတွေနဲ့ ပြန်ရေးသွားတာ ကဗျာဆရာ ပီသပါပေတယ်...
ReplyDeleteကိုမိုးလှိုင်ရေ
ReplyDeleteအခြမ်းလေး သူမကို
ကြောက်ကြေက်နဲ့မြတ်နိုးတယ်
ဆိုတာလေးကို သဘောကျတယ်ရှင်