Friday, November 23, 2007

ကျွန်တော်ခုန်ချချင်တဲ့မြစ်

အန္တရာယ်ရှိသည် မ၀င်ရတဲ့

ကျွန်တော်ကလည်း

စွန့်စားရတာ ၀ါသနာပါတယ်…

အဲဒီ ဇင်ကိုလတ်ဆိုသူရဲ့အိမ်ကိုရောက်တော့

မာရေကျောရေအမှန်တရားနဲ့ ဧည့်ခံတယ်

သူ့စကားလုံးတွေက ပြတ်သားသလို

သူ့အတွင်းစိတ်ကလည်း ရိုးရှင်းတယ်

သူတို့ရဲ့သံလွင်အိပ်မက်တွေက

ကျွန်တော့်ဆီကူးစက်ခဲ့ပေါ့

ကျွန်တော်တို့အတူ အလင်းဖြူနေ့တွေကို

စောင့်မျှော်ရင်း…

အနုပညာတွေ ဝေမျှ၊ အတွေ့အကြုံတွေ ကူးလူး

လမ်းချင်းတူလို့ လူချင်းတွေ့ခဲ့ရတယ်

ကဗျာဆရာဖြစ်ပြီး…ခင်ဗျား ၀,နေတယ်လို့

ကျွန်တော်ပြောရင်… သူ တဟားဟားနဲ့ အော်ရယ်နေလိမ့်မယ်

ကျွန်တော်ခုန်ချချင်တဲ့မြစ်ကတော့

၂၈ နှစ်ခရီးကို စီးဆင်းပြီးပြီ…

နောင်နှစ်ပေါင်းများစွာပေါ့

ဟိုလိုလူတစ်ယောက်ရဲ့

အနုပညာကို တခုတ်တရခံစားရဦးမယ်

မိုးလှိုင်ည

2 comments:

  1. ကဗျာကြိုက်တယ်ဗျို့ ။ "လမ်းချင်းတူလို့ လူချင်းတွေ့ တာပါ" ဆိုတဲ့ မောင်ချောနွယ်ရဲ့ စကားစုကို အံဝင်ခွင်ကျ ထည့်သုံးတာလှတယ်ဗျာ။ ခုတခြား ကဗျာတွေ တဖြည်းဖြည်း ချင်းအရသာ ခံပြီးဖတ်လိုက်ဦးမယ်။

    ReplyDelete
  2. ဟိုလိုလူကတော့ ဖတ်ပြီးမပြီး မသိသေးဘူး ... ဒီလိုလူကတော့ လာဖတ်သွားပြီး ... လှလှပပကြီးခံစားသွား ပြီ ... မိုးလှိုင်ညရေ ...

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...