Saturday, November 17, 2007

ကျွန်တော်ကမ္ဘာလောကသို့..ရောက်ရှိနေပါတယ်…။

ဂူသချိုင်းနံရံတွေလို
နာကျင်ဖွယ်အေးစက်နေတဲ့
ကွန်ကရစ်ထောင်ချောက်တစ်ခုထဲကို
အေဒီတတိယထောင်စုနှစ်အစောပိုင်းမှာရောက်ခဲ့တယ်…။

အဲဒါ
ဘင်္ဂလားပင်လယ်အော်အပေါ်ပိုင်းက
ညစ်ပတ်နုံချာတဲ့
ဆိပ်ကမ်းမြို့လေးတစ်ခုပေါ့

ကိုယ့်ကိုကိုယ် ကဗျာဆရာလို့
ကြော်ငြာလိုက်တော့

တားမြစ်ဆေးသုံးထားတဲ့ ကစားသမားလို
ဝိုင်းကျဉ်ခံလိုက်ရတယ်….

ဆက်သွယ်မှုဧရိယာတိုင်နဲ့
မဆက်သွယ်နိုင်တဲ့ ဘဝ
ချစ်ခြင်းမေတ္တာနဲ့
ယူဇနာ ၂၀၀ အကွာအဝေးမှာ….

ဖုန်းသံလေးတစ်စ
ကျွန်တော်ဆီကို လွင့်ပျံကျလာတယ်…

ဟလို…ဟလို…ကဗျာဆရာလားရှင်…

ကောင်မလေးရေ
ရာစုနှစ်တစ်ခုလုံး ကဗျာဆရာဆီ
မင်းဖုန်းက အစောဆုံးဝင်လာတယ်…

သေချာပြီ
ကျွန်တ်ာကမ္ဘာလောကကိုရောက်ရှိနေတာ…။

မိုးလှိုင်ည

2 comments:

  1. ကိုမိုးလှိုင်ည ကဗျာတွေ အခုမှဖတ်ဖြစ်တယ်။ကဗျာတွေ ကောင်းတယ်ဗျို့ ။

    ReplyDelete
  2. အကိုရေ အရင်တုံးက ကျွန်တော် comment မရေးတတ်ဘူးဗျ။ ဟီးဟီး ရှက်စရာကြီး။
    စီဗုံးမထားတဲ့သူတွေကျ comment မှာရေးမှ ရမှာမို့ အခုမှ သူငယ်ချင်းဆီက သင်ထားတာဗျ။
    အမြဲလာဖတ်တယ်ဗျ။ ခြေရာက ဘယ်နားချန်ရမှန်းမသိလို့ ဟဲ..ဟဲ အခုတော့သိပြီ။
    ပျော်ရွှင်ပါစေ :)

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...