Tuesday, November 13, 2007

မိုး

တစ်ချိန်က
ကျွန်တော်ဟာ
မေမေ့ရင်ခွင်ကြားက
တိမ်ပြာလေးတစ်စပါ...
အဲဒီတုန်းက
ကောင်းကင်ဟာ
အမြဲလှခဲ့တယ်
အခု လေနှင်ရာ
အလျားရှည်ခဲ့တိုင်း
ရာသီဟာမုန်တိုင်းချည်းပဲမို့
မေမေ့တိမ်ပြာလေးညိုမွဲခဲ့ရပြီ
ကောင်းကင်ကြီးကလှတယ်လို့
ဘယ်သူမှမပြောကြတော့ဘူး...အမေ
သားကိုယ်တိုင်ထစ်ချုန်းခဲ့ရ
ရွှဲရွှဲစိုညတွေကိုသိမ်းဆည်းပြီး....
ရာသီတံခါးကိုခေါက်လိုက်တော့
အမေ့ဆီမှာတော့ကောင်းကင်ဟာလှမြဲပါ...။

(ယုံတမ်းစကားတွေ အကြောင်းစဉ်းစားရင်း ဒီကဗျာလေးဆီရောက်ခဲ့တာပါ မိုးချစ်သူနှစ်သက်လိမ့်မယ်ထင်လို့....)

မိုးလှိုင်ည

2 comments:

  1. မိုးရေ...
    သိပ်လှတဲ့ကဗျာလေးတပုဒ်
    ခံစားခွင့် ထပ်ရလို့ ကျေးဇူး
    အရမ်းတင်တယ်နော်။

    "အခု လေနှင်ရာ
    အလျားရှည်ခဲ့တိုင်း
    ရာသီဟာမုန်တိုင်းချည်းပဲမို့
    မေမေ့တိမ်ပြာလေးညိုမွဲခဲ့ရပြီ"
    အဲစာပိုဒ်လေး သိပ်ကြိုက်တယ်။

    ဒါပေမယ့် မိုးရယ်
    အမေတယောက်ရဲ့ ကောင်းကင်ဟာ
    သားငယ်တယောက်ရဲ့ တိမ်စိုင်တွေနဲ့
    လေမုန်တိုင်းကြားမှာ အမြဲလှပ နေမှာပါ။

    မိုးအမြဲပျော်ရွှင်ပါစေနော်

    ခင်မင်တဲ့
    မိုး

    ReplyDelete
  2. မိုးကဗျာလေးက လှတယ်
    မိုးလေးကြိုက်မကြိုက်တော့မသိဘူး
    chaos တော့ခိုက်သွားပြီ

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...