သက်တမ်းတိုတိုလေးကိုပဲ
တငွေ့ငွေ့ကျွမ်းလောင်းရတဲ့လူ့ဘဝ
အဆင်ပြေအောင်ဘာတွေလုပ်တတ်လဲ
တစ်နေ့ချင်းတစ်ရက်ချင်းကို
အသက်ပြင်းပြင်းရှုလို့
လူ့ဘ၀ဟာဘာနဲ့မှလဲမရဘူး…
ဖြစ်တည်မှုပဓာနလား
လွတ်မြောက်မှုပရမ်းပတာဖြစ်စဉ်
အဝေဖန်ခံရခြင်းအထင်လွဲခံရခြင်း
လောကဓံရှစ်ပါးရဲကြားမှာ
မင်လည်းမကောင်းဆိုးဝါးတစ်ကောင်
ဖြစ်နိုင်တယ်…မိုးလှိုင်ည…
ဒီနေ့ပြီးနောက်တစ်နေ့
ဖြစ်တည်ပျက်သံသရာထဲ
ကိုယ်ကိုကိုယ်ရုပ်ရှင်လိုရစ်ကြည့်လို့မရတော့
အမြဲတမ်းလူကြမ်းဘ၀က
အကျိုးအပဲ့တွေများလှပြီ…။
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
အဆုံးမရှိအောင်ကျယ်ဝန်းတဲ့ အမှားထဲ တိမ်တွေကလှလိုက်တာ ကိုယ်မှာတရားနဲ့ဖြေရတယ်။ မောင်သိန်းဇော်
-
ငါ့ဆီမှာ ခြောက်လုံးပြူးတစ်လက်ရှိတယ် … ။ အနုပညာတစ်တောင့်ထည့် လွတ်လပ်မှု တစ်တောင့်ထည့် ဒီမိုကရေစီ တစ်တောင့်ထည့် ချစ်ခြင်းမေတ္တာတစ...
No comments:
Post a Comment