Sunday, July 29, 2007

မောင်ချောနွယ်ခင်ဗျားမသေဘူး…

လောကဓံကျည်ဆံတွေကို

ကဗျာဆိုတဲ့ရင်ဘတ်ကြီးနဲ့ထိုးထိုးခံ

သူပြန်အန်ထွက်လာတာက

အတွင်းစိတ်ကရတနာအစစ်တွေ

အဲဒါအနုပညာဖြစ်ရဲ့

သူ့စိုက်ခင်းကဘ၀နဲ့ရင်းရပေမယ့်

သီးထွက်ကောင်းတော့

ဟောဒီခေတ်ဆိုးခေတ်ပျက်ကြီး

တစ်ခုလုံးကိုတင်ကျွေးထားနိုင်ရဲ့

သူအမေပြောတော့အသည်းကခပ်ငယ်ငယ်တဲ့

အဲဒီမောင်ချောနွယ်ပေါ့

မျှားမယ့်မျှားတော့စကြာဝဠာကိုမှမျှားတယ်

ငှက်ဆိတ်တဲ့သစ်စည်းမှာတောင်

အဓိပါယ်တွေသိပ်သည်းနေရင်

ရာစုသစ်တစ်ခုလောင်းတောင်မှ

မောင်ချောနွယ်ကိုဖွင့်ဆိုလို့မရဘူး

သေချာတယ်

တစ်ကယ်သေသွားတာကမောင်ချောနွယ်မဟုတ်ဘူး

ဟောဒီအပုပ်အသိုးရာစုနှစ်ကြီး

မိုးလှိုင်ည

1 comment:

  1. မိုးလှိုင်ရေ

    တော်တဲ့အကြောင်း ကဗျာနဲ့ဘယ်လို ဖော်ပြရမလဲ..
    မိုးလှိုင်ရဲ့ ကဗျာတွေကို
    တကယ် တကယ် လက်ဖျားခါတယ်
    ရေးလဲ ရေးနိုင်တယ်
    ရေးလိုက်တိုင်းလဲ အမိုက်စားတွေချည်းပဲ..
    ဦးနှောက်ကို ရွေချထားချင်တယ်း)

    ဆက်လုပ်

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...