Thursday, July 5, 2007

မိုးထဲမှာ...ငါ

ဇူလိုင်မိုးတွေက တဖွဲဖွဲတသည်းသည်း မရည်ရွယ်ဘဲ ငါ လမ်းတွေလျှောက်မိနေတယ်။ တစ်ခုခုသိချင်တယ်... တစ်ခုခုရှိနေစေချင်တယ်... အခုတော့ ငါတစ်ယောက်တည်း မိုးရွာထဲမှာ ငါ့ အတွေးမပါဘဲ လျှောက်သွားနေတယ်... ခြေလှမ်းတွေက ညှို့ငင်ယူထားတဲ့ ဆူးလေဘုရားလမ်းမပေါ်မှာ ရန်ကုန်မြို့ကြီးဟာ အမြဲတမ်း ပြောင်းလဲနေတယ်... အနုပညာအပေါ် ဂျစ်ပဆီတွေသစ္စာရှိသလို... ငါလည်း သစ္စာရှိတယ်... ငါ ကဗျာဆရာဆိုတဲ့အတွေးနဲ့...ရန်ကုန်မြို့ထဲမှာ ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုတော့ဘူး...virus café မှာ ငါကိုယ်တိုင် ဗိုင်းရပ်စ်သင့်ခဲ့ရတဲ့နေ့ရက်တွေ... ရင်ထဲမှာ ထပ်မံဖွဲ့ဆိုစရာ မလိုတော့တဲ့ ကဗျာတွေ... Berlin Museum ထဲက ပန်းချီကားတစ်ချပ်ကို သတိရတယ်...
"The girl drink wine with gentleman" ကိုယ့်ကိုယ်ကိုShutdown လုပ်တော့ ဖန်သားပြင်က အဖြူအမည်းတွေ တဖျတ်ဖျတ်... ဘ၀ဆိုတာ အက်စကေလေတာစီးသလိုပဲ ကိုယ်ရပ်နေလည်း သွားနေမှာ... အခုမှတော့ မထူးဘူး... တစ်၊ ကိုး၊ ကင်းနဲ့ ထအောပစ်လိုက်တယ်... ငါ မနက်ဖြန် ကံကြမ္မာနဲ့ မျက်နှာမသစ်တော့ဘူး...။

မိုးလှိုင်ည

2 comments:

  1. ဒီလိုင်းကို အကြိုက်ဆုံးပဲဗျို့

    (ဘ၀ဆိုတာ အက်စကေလေတာစီးသလိုပဲ ကိုယ်ရပ်နေလည်း သွားနေမှာ... အခုမှတော့ မထူးဘူး... တစ်၊ ကိုး၊ ကင်းနဲ့ ထအောပစ်လိုက်တယ်... ငါ မနက်ဖြန် ကံကြမ္မာနဲ့ မျက်နှာမသစ်တော့ဘူး...။)

    ReplyDelete
  2. "ငါ ကဗျာဆရာဆိုတဲ့အတွေးနဲ့...ရန်ကုန်မြို့ထဲမှာ ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုတော့ဘူး"

    ဒါကိုပိုကြိုက်တယ်။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...