ဧည့်ခန်းမှာ အလှထိုးရအောင်
ငါက မင်းအတွက်
တော်ဝင်နှင်းဆီမှ မဟုတ်ခဲ့တာ
မင်းခြွေလို့ ကြွေ
မင်းနင်းလို့ ချေခဲ့တဲ့
နောက်ဖေးက အလေ့ကျ
နှင်းဆီရိုင်းတစ်ပွင့်။
ငါ့ကို အဲဒီမျက်လုံးမျိုးနဲ့ မကြည့်နဲ့
သနားခြင်း မြေသြဇာတွေ လာမကျဲနဲ့
စာနာခြင်း မိုးရေတွေ လာမဖြန်းနဲ့
ရက်စက်တဲ့ ဓားတစ်လက်နဲ့
အမြစ်ကနေ အပြတ်ရှင်းပစ်လိုက်
အရိုင်းအစိုင်းပေမဲ့ ဆူးတော့ရှိတယ်။
နိုင်းနိုင်းစနေ
No comments:
Post a Comment