Sunday, July 22, 2007

မငြိမ်းသောဖန်မီးအိမ်..သို့

သွေးမကြောင်ဘူး
ဘေးမရှောင်ဘူး
ကဗျာဆရာစစ်ရင်
အမှန်တရားကိုချစ်တယ်
ငါ့သွေးတွေက
ကဗျာအတွက် ကမ္ဘာအတွက်
ငါ့ပြည်သူအတွက်
အမြဲတမ်းလတ်ဆတ်နေတယ်
ပြည်သူ့အတွက်အမှန်တရားကို
ကမ္ဘာဦးကျမ်းစာလို
ငါရွတ်ဖတ်နေတုန်း
သေနတ်ချင်းယှဉ်ပစ်နေစရာမလိုဘူး
သမိုင်းကအမှန်တရားကို
မှတ်ကျောက်ထားတယ်…
အခုငါကဗျာနဲ့သတ်လိုက်တယ်
လူယုတ်မာတွေစင်းစင်းလဲသေပေါ့
ဆေးလိပ်တိုကြီးကမီးမသေတော့ဘူး

မိုးလှိုင်ည
(ကဗျာဆရာကြီးတင်မိုးသို့ရည်စူးဂုဏ်ပြုပါသည်)

1 comment:

  1. မိုးလှိုင်ရေ...
    ငါတော့ ဘိန်းမုန့်မစားချင်တော့ဘူးကွ
    မိုးလှိုင်ညရဲ့ ဦးနှောက်ကိုပဲ စားချင်တော့တယ်...
    မရိုးအောင် တစ်ပုဒ်တစ်မျိုး ရေးနိုင် တွေးနိုင်လှပါတယ် ကဗျာဆရာရယ်...ကဗျာအားလုံးက ကော်မန့်ပေးစရာ မလိုအောင် ကောင်းလွန်းတယ်

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...