ယောင်္ကျားတစ်ယောက်ရဲ့အလောင်းအစားက ဘာလဲ
ပြီးတော့ နယ်မြေသစ်ကို စွန့်စားသူတစ်ယောက်
အထီးကျန်ညတွေကို ခရီးရှည်လို ချီတက်ခဲ့တယ်
ညထဲမှာနစ်မျောသွားတဲ့ ငါ့သက်ပြင်းချသံတွေ
မရောက်လာသေးတဲ့ အနာဂတ်တွေက
စာရေးစားပွဲပေါ်မှာစီစဉ်တကျ
ကဗျာတစ်ပုဒ်တစ်လေသာ မရခဲ့ဘူးဆိုရင်
ဖြေသိမ့်ဖို့တော်တော်ခက်မယ့်... ဘ၀ပဲ
အရာအားလုံး ပုံပျက်ပန်းပျက် ဂုဏ်သိက္ခာတွေဆုံးရှုံး
လူတွေအတော်များများရဲ့အမုန်း
နှလုံးသားကိုထယ်သွားလို ထိုးခွဲသွားတဲ့
ချစ်သူရဲ့ ဆင်ခြေလှလှတွေ
တကယ်ဆိုညနေကို သေချင်လောက်အောင်လှတယ်
အဲဒီမှာပဲ
ရွှေအိုရောင်တစ်စကို မြတ်မြတ်နိုးနိုးတွေရှိခဲ့ရတယ်
အနုပညာတဲ့သိမ်းထားလို့တော့မရပေမယ့်
ရင်ထဲမှာ ဂန္တ၀င်ဆန်ခဲ့တဲ့အကြောင်းကို မေ့ဖျောက်လို့မရခဲ့ဘူး။
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
အစိုးရကိုယ်၌ ကသောင်းကနင်းနှင့် အဓိပ္ပါယ်မရှိ ဖြစ်နေလျှင်၊ မကူညီဘဲ စိုးမိုးအုပ်ချုပ်နေလျှင်၊ ဦးမဆောင်ဘဲ အမိန့်များသာပေးနေလျှင်၊ဤ...
-
သာမန်နေ့လေးတစ်နေ့ပါပဲ ငါမွေးလာတော့ … အဲဒါ ငါ့မွေးနေ့ဖြစ်လာတယ်… တချို့တွေသေဆုံးသွားတော့ အဲဒါဟာ ဈာပနနေ့ဖြစ်လာတယ်… ငါက မွေးနေ့ပွဲလ...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
မိုက်တယ်း)
ReplyDelete