တနင်္ဂနွေမိုးက
ငါ့ကို အဖျားသွေးတွေထိုးထည့်တယ်
ကလေးတစ်ယောက်လို
မိုးရေထဲ လျှောက်သွားနေယုံနဲ့
ရှင်ကလေးတစ်ယောက်မှပြန်မဖြစ်နိုင်တာ
နေရောင်ခြည်က ငါ့ကိုစကားနာထိုးတယ်
လမ်းမတွေရေမြုပ်နေတုန်း
ငါက ကောင်းကင်ကြီးကို
ဆုတ်ဖြဲလိုက်ရရင်ကောင်းမလား…
သက်တံ့ကဘယ်အချိန်ပေါ်မှာလည်း
ဒီအရွယ်ကြီးကျကာမှ
ငါ စိတ်ကူးက
ကလေးတစ်ယောက်လိုမျိုး….
မိုးလှိုင်ည
ကဗျာလေးကောင်းလိုက်တာ။
ReplyDeleteဒီကဗျာလေးကို သဘောကျတယ် မိုးလှိုင်ည
ReplyDelete