ကောင်းကင်ရဲ့
ရင်ညွှန့်တွေဟာ ဒဏ်ရာနဲ့ညွတ်နေခဲ့
ရာသီတွေလွှဲချော်ခဲ့တယ်
မခေါ်ပဲလာခဲ့တဲ့ မုန်းတိုင်းတွေနဲ့
အခင်းအကျင်းကိုက ဝေဒနာဆန်တယ်
မသေချင်သေးဘူးလား
ဆူးခက်နဲ့ မနက်ခင်းတွေမှာ
ထူးစရာ နာမည်တစ်ခုနဲ့
မထူးခြားတဲ့ဘ၀တစ်ခု….
သက္ကရ်ဇ်တွေခြစားတာထက်
သမိုင်းကို ဖွတ်တက်တာပိုဆိုးတယ်
မငိုနဲ့အမေ…
ဝဠ်နာကံနာအရ ပေးဆပ်လိုက်ရတာ
သံသရာ ကိုလက်ကျန်အကြွေးကုန်အောင်လို့
ဒီဘ၀ ကျိန်စာကိုပဲခုံခုံမင်မင်စုံမက်မိခဲ့တယ်
မိုးလှိုင်ည
ကဗျာလေး ခံစားသွားတယ် ညီလေးရေ။
ReplyDeleteလူတွေအားလုံးဟာ တစ်ယောက်တစ်မျိုးစီ ကျိန်စာသင့်နေကြတာပါပဲ ကိုမိုးလှိုင်ရယ်
ReplyDelete