မျော်လင့်ချက်ဆိုတာ
ရှင်သန်မှုရာစုနှစ်တွေရဲ့မောင်းနှင်အား
ခရီးသွားတွေအတွက်တော့
ဘယ်နှမြို့ဖြတ်ခဲ့ပြီလဲ။
တွန့်ကြေမွနေတဲ့လွယ်အိတ်ထဲမှာတော့
သစ်လွင်တောက်ပတဲ့အနာဂတ်တွေအပြည့်
သမိုင်းကိုခြေရာပြန်မကောက်မိချင်အောင်
အတိတ်ကမှောင်တယ်။
အဲဒီလိုနဲ့ ဒီတစ်နေ့ကိုပဲ
ကွက်ကွက်လင်းတတ်တဲ့ နေမင်းကိုလည်းမခင်ချင်
ဒီတစ်ညတည်းပဲလက်လက်ပြတတ်တဲ့
ကြယ်စင်တွေကိုလည်း မစုံမက်တော့
ငါ့ကော်ဖီခွက်ထဲကမြို့ပျက်တွေကိုပဲ
ဇွတ်မျိုချခဲ့မိတယ်။
မိုးလှိုင်ည
(သံလွင်အိပ်မက် အမှတ်၆)
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ငါ့ ဆံပင်တွေရှည်နေပြီ … ငါ့ အတွေးစတွေကလည်းရှည်ရှည်လျားလျား စာကိုတော့ ခပ်တိုတိုပဲ ငါရေးတတ်ချင်တော့တယ်… ငါ့ အိမ်မက်တွေရှည်ရှည်လျားလျာ့း ငါ ကေ...
-
နပိုလီယန်မဟုတ်ဘူး ကူဗလိုင်ခန်မဟုတ်ဘူး ဂျူးလိယက်ဆီဇာမဟုတ်ဘူး ဂျော့ဝါရှင်တန်မဟုတ်ဘူး မိုးလှိုင်ညဟုခေါ်ဆိုပါရန်.... ကျန်စစ်သားမဟုတ်ဘူး နရသီဟပတေ့မ...
အစ်ကို ... ဒီကဗျာ လေးကို အရင်ကတည်းက မဂ္ဂဇင်းတစ်ခုခုမှာ ဖတ်ဖူးသလားလို့  အဲဒီထဲက ကြိုက်တာ အစ်ကို ကဗျာ့တွေကို. ဖြစ်နိုင်ရင်ခင်လည်းခင်ချင်တယ်။
ReplyDeleteဆု ဘလော့ဂ်ကို လာပြန်လည်မယ်လို့တောင်မထင်ထားဘူး လာပြန်လည်ပြီး စီဗောက်စ် မှာ ပြောသွားလို့  ပိတီဖြစ်ရပါတယ်ရှင်.။
အားပေးနေမယ်နော်။