Wednesday, October 8, 2008

စာရွက်အလွတ်ပေါ်က ငါ့ခြစ်ရာတစ်ချို့

မိုင်တစ်ထောင်

ပျံသန်းလာတဲ့ငှက်ဟာ

လမ်းကြောင်းပြောင်းလိုက်တယ်

အခု

ပင်လယ်ထဲကိုထိုးစိုက်ဆင်းဖို့တဲ့

ဒါဟာ

ရူးရူးမိုက်မိုက်ကိစ္စတော့မဟုတ်ဘူး


နင့်ကို

`ဘယ်သူက ခဏခဏ လာခိုင်းလို့လဲ´

ဒီစကားစုကို

မင်းမကြာမကြာအသုံးပြုဖူးတယ် …ဖေဖော်ဝါရီ


အမှောင်နဲ့ နေသားကျလွန်းလို့

ခံစားမှုကိုယ်၌က ပြိုးပြိုးပြက်ပြက်

လက်လက်ထနေတဲ့ စိတ်ကူးကို

ထူးခတ်ထားစမ်းပါ….

ရေပြင်ကိုထိုးခွဲဝင်သွားဖို့

ကိုယ်စိတ်နှစ်ပါးကိုဖြောင့်တန်းထားယုံပဲ…။


ခရီးစဉ်စဆုံး

အဲဒီဘူတာစဉ်အမည်တွေဖျက်ထားလိုက်တယ်

ဖေဖော်ဝါရီ)

မတ်)

ဧပြီ)

မေ)

မြေပုံမသုံးဘူး

သံလိုက်အိမ်မြှောင်ယူမလာနဲ့

ဂျီပီအက်စ်ကိုရေထဲပစ်ချလိုက်


ကြယ်မြင်လမြင်ဆိုရင်တောင်

ပင်လယ်ရဲ့ရုပ်နာမ်နှစ်ပါးကို

ဆင်ခြင်လို့ရပြီ…


ခင်ဗျားပြောတော့ သက်သက်လွတ်သမားတဲ့

ခင်ဗျားသွားတွေက ချွှန်မြလွန်းနေတယ်


စီးပွားပျက်ကာလလား

ခြူးတစ်ပြားမှမကပ်သူအတွက်တော့

သိပ်မထူးခြားပါဘူး

သေစာရှင်စာတောင်မသင်ဘူးပေမယ့်

ဒီကျမ်းကိုသူအသေအချာရေးခဲ့တာပါ…


ထောင်နံရံကို

အတွေးအခေါ်နဲ့ဆောင့်ဖြိုလိုက်တော့

ခင်ဗျားအသံကို ရာစုသစ်ထဲမှာပြန်ကြားတယ်


ကမ္ဘာကြီးလည်တာကို

ကျွန်တော်ကတော့လက်ပိုက်ကြည့်မနေနိုင်ဘူး

ကိုယ်ကိုယ်တိုင်ချာလပါတ်ရမ်းလို့

တစ်ခါတစ်လေ

ဘ၀ကလွမ်းဖို့တောင်အချိန်မရရှာဘူး…။



မိုးလှိုင်ည

3 comments:

  1. ကိုမိုးလှိုင်ကဗျာတွေက
    ကျွန်တော့်ကို အတွေးတွေ အများကြီးပေးတယ်။

    အလွမ်းကဗျာဖတ်တော့ လွမ်းရ
    တခြားကဗျာ ဖတ်တော့ တခြားကဗျာလိုပေါ့ဗျာ

    ReplyDelete
  2. ခြစ်ရာတွေက လှတယ်ဗျာ။

    ReplyDelete
  3. ကြိုက်လို့ သိမ်းထားချင်ပါတယ် ကျနော့်ဘလော့ဂ်မှာ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...